DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ နောက်ထပ်သက်သေ ၃ ဦး စစ်မေးမည်
DVB
·
November 12, 2014
လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ နောက်ထပ်သက်သေ ၃ ဦး စစ်မေးမည်
Donate to DVB

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်း (ခိုတောင်ကျွန်း)မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စမှာ သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဟာ ကျူးလွန်ခြင်း ရှိမရှိ သက်သေပြနိုင်ဖို့အတွက် နောက်ထပ်သက်သေ ၃ ဦးကို စစ်ဆေးမေးမြန်းဖို့ ရှိနေပါတယ်။

610x343xKoh-Tao3.jpg.pagespeed.ic_.E8vRFpeWEs-300x1683ဖမ်းဆီးခံ လူငယ် ၂ ဦးဘက်ကနေ ခုခံချေပပေးမယ့် ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင်တွေဟာ မနက်ဖြန် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဆူရတ်ဌာနီကို သွားပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို သွားမေးမယ်လို့ ဒီကိစ္စမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“အဖမ်းခံထားရတဲ့ ကလေး ၂ ယောက်ထဲက စူရတ်ဌာနီကိုလာရင်း အဖမ်းခံရတဲ့ ၀င်းဇော်ထွန်း ကို လာကြိုတဲ့ အလုပ်သမားတွေကို မေးမှာပါ။ သူတို့က စူရတ်ဌာနီမှာ ပန်ရံအလုပ်သမား လိုတယ်လို့ ပြောတော့ ၀င်းဇော်ထွန်းက အလုပ်လုပ်ဖို့ လာတာလေ။ ဘတ် (အလုပ်သမားကတ်) လည်း ရိုက်ပေးမယ်ပြောလို့ လာတာ၊ အဲဒီမှာ ရဲတွေက သူ့ကို ဖမ်းလိုက်တာ၊ တကယ်တမ်း ကျူးလွန်သူဆိုရင် အဲဒီကိုဘယ်လာမှာလဲ၊ တခြားကို ထွက်ပြေးမှာပေါ့။ အဲဒီကိစ္စအတွက် သက်သေတွေကို သွားမေးမှာဖြစ်ပါတယ်။ သူတို့အလုပ်နားချိန် ညနေပိုင်းလောက်ပေါ့။”

ရှေ့နေကောင်စီအဖွဲ့ဝင်တွေဟာ စူရတ်ဌာနီပြီးရင် ကော့တောင်ကျွန်းဘက်ကိုလည်း ခရီးဆက်ပြီး နောက်ထပ်သက်သေတွေ ရှာဖွေမေးမြန်းဦးမယ်လို့ သူက ဆက်ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေလည်း မကြာခင် ထိုင်းနိုင်ငံကို ရောက်လာဖို့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီတာဝန်ရှိသူတွေဟာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေတို့ဦးဆောင်တဲ့ အထူးအဖွဲ့တဖွဲ့ ဖြစ်ကြောင်း သံအမတ်ကြီး ဦးဝင်းမောင်ရဲ့ အပြောကို ကိုးကားပြီး ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ လူငယ် ၂ ဦးဟာ လူသတ်မှု မကျူးလွန်ရကြောင်း၊ ထိုင်းရဲတွေက ရိုက်နှက် စစ်မေးတဲ့အတွက် ၀န်ခံခဲ့ရကြောင်း ပြောဆိုပြီး ကနဦးပိုင်းက ထိုင်းရဲထံမှာ ပေးထားတဲ့ ဖြောင့်ချက်ကို ပြန်လည်ရုပ်သိမ်းထားကြပါတယ်။ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထိုင်းရဲတပ်ဖွဲ့ကို ရိုက်နှက်စစ်ဆေးတဲ့ကိစ္စ လာရောက်ဖြေရှင်းဖို့ ၄ ကြိမ် ဖိတ်ခေါ်ခဲ့ပြီး ထိုင်းရဲကလည်း ၄ ကြိမ်လုံး ပျက်ကွက်ခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်နေ့ထိ လာရောက်ဆက်သွယ်ရှင်းလင်းမှု မပြုဘူးဆိုရင် ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်က သူတို့ကို တရားစွဲရေး၊ မစွဲရေး ဆုံးဖြတ်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013