DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ရှောင်များ  မိုးကာနှင့်  စားနပ်ရိက္ခာ အများအပြားလိုအပ်နေ 
DVB
·
May 24, 2025
ကရင်နီစစ်ရှောင်များ  မိုးကာနှင့်  စားနပ်ရိက္ခာ အများအပြားလိုအပ်နေ 
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းအများစုမှာ မိုးကာနဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေ မြင့်တက်လာနေလို့ အကူအညီတောင်းခံထားကြပါတယ်။

မိုးဦးကာလမှာ အလုပ်အကိုင်ရှားတာနဲ့ တိုက်ပွဲတွေကြောင့် စိုက်ပြီးသားစပါးတွေပြန်မသိမ်းနိုင် တဲ့အတွက် ကရင်နီကစစ်ရှောင်စခန်းအများစုမှာ စားနပ်ရိက္ခာပြတ်လပ်တော့မယ့်အခြေအနေတွေ ရင်ဆိုင်နေရတာပါ။

လတ်တလောအလှူရှင်တွေမရောက်ဖြစ်တဲ့ လွိုင်ကော်အရှေ့ခြမ်း၊ ဖရူဆို အနောက်ဖက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာလိုအပ်ချက်က စိုးရိမ်ရတဲ့အနေအထားမှာရှိနေပြီး မိုးရွာရင်မိုးမလုံလို့ မိုးကာလိုအပ်ချက်တွေမြင့်နေတယ်လို့ ကရင်နီစစ်ရှောင်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ ကျေးလက်မြေအဖွဲ့တာဝန်ခံ ကိုဇော်မင်းထိုက်က  ပြောပါတယ်။

“မိုးယိုတဲ့အခါမှာ တချို့မိသားစုတွေက အပေါက်အပြဲတွေရဲ့အောက်မှာပဲ ငုတ်တုတ်လေး ထိုင်ပြီးတော့၊ ဒီထောင့်ကမိုးယိုရင် ဟိုဘက်ထောင့်ကိုသွားလိုက်။ ဟိုဘက်ထောင့်ကတခါ ထပ်ယိုလို့ရှိရင် ကျန်တဲ့နေရာလေးကိုသွားလိုက်။ အဲ့လိုနေနေရတဲ့ မိသားစုတွေကအများ အပြားရှိပါတယ်။ ဒီမိုးကာတင်လိုအပ်တာမဟုတ်ပဲနဲ့ လတ်တလောအနေအထားရဆိုရင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေ ပြတ်လပ်နေတဲ့ နေရာတွေတော်တော်များ လာနေပြီ။”

လက်ရှိ မိုးဗြဲ - ညောင်ရွှေအစပ်ကတိုက်ပွဲတွေကြောင့် ဒီးမော့ဆိုဘက်ကိုပြောင်းလာတဲ့ စစ်ရှောင်ဦးရေတွေ တိုးလာနေပြီး ကလေးတွေအတွက် ကျောင်းသုံးပစည်းတွေလိုအပ်ချက်တွေကို ကူဖြည့်ပေးကြဖို့ ကရင်နီစစ်ရှောင်အရေးကူညီနေသူ တယောက်က ပြောါတယ်။

“နံပတ်တစ်ကတော့ ဒီအမိုးအကာကိစ္စက ပြဿနာရှိတယ်။ ပြီးရင်တော့ဆေးပေါ့၊ ဆေးလည်း အခက်အခဲရှိတယ်။ မိုးတွင်းဖြစ်တဲ့အတွက် အလှူရှင်တွေကလည်းအသွားအလာပါးတယ်ဆိုတော့ စားနပ်ရိက္ခာ ပိုပြီးတော့လိုအပ်တယ်။ တဆက်တည်းမှာပဲ ဒီကာလ မိုးဦးကာလမှာကျောင်းစဖွင့်ပြီ ပေါ့နော်ဆိုတော့ ဒီကျောင်းသုံးစာအုပ်တွေ၊ စာရေးကိရိယာတွေလိုအပ်တာတွေရှိတယ်ပေါ့။”

စစ်ရှောင်စခန်းတွေရဲ့အမိုးကို ကာဖို့ မိုးကာတွေဟာ လက်ရှိဈေးကွက်မှာ ၁၈ ပတ်လည် တချပ်ကိုရှစ် သောင်းကျပ် ၃၀ ပတ်လည်တချပ်ကို ကျပ် ၂ သိန်းကျော် အထိဈေးပေါက်နေတဲ့အတွက် ဝင်ငွေမရှိတဲ့ စစ်ရှောင်တွေဟာ ကိုယ့်အမိုးကို ပြင်ဖို့ အခက်ကြုံနေရတာပါ။

စစ်ရှောင်စခန်းတာဝန်ခံတယောက်က “မိုးဦးလည်းရောက်လာပြီဆိုတော့ အမိုးအကာပိုင်းတွေ လိုအပ်တာတော့အမှန်ပဲ။ ကျနော်တို့ အခုရောက်နေတဲ့စခန်းမှာဆိုရင်လည်း စားနပ်ရိက္ခာက နံပတ်တစ် ရောက်မယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။ ဒီစားနပ်ရိက္ခာပိုင်းက ပိုပြီးတော့ အရေးကြီးတယ်။ ပိုပြီးတော့ပြတ်လပ်နေတဲ့အနေအထားမှာရှိတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီထိုးစစ်ကြောင့် မိုးဗြဲ-ညောင်ရွှေအစပ်မှာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲတွေပြင်းထန်နေပြီ လက်ရှိစစ်ရှောင်တွေဟာတိုက်ပွဲတွေကြားမှာ နွေစပါးကိုလည်း ပြန်မရိတ်သိမ်းနိုင်သလို မိုးစပါးလည်းမစိုက်နိုင်သေးပါဘူး။ 

ငလျင်ဘေးနဲ့ ရာသီဥတုအပြောင်းအလဲတွေနဲ့ လက်ရှိထိုးစစ်တွေကြောင့် ကရင်နီစစ်ရှောင်စခန်းတွေမှာ  စားနပ်ရိက္ခာပြတ်လပ်တာ အမိုးအကာမလုံလောက် တာတွေနဲ့ ကျောင်းသုံးပစ္စည်းပြတ်လပ်မှုတွေကလည်း မြင့်တက်လာနေတာပါ။ 

 မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013