DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ပြည်ပအလုပ်အကိုင် အေဂျင်စီများထံမှ အာမခံကြေး တိုးကောက်ရန်ပြင်
DVB
·
May 23, 2025
စစ်ကောင်စီက ပြည်ပအလုပ်အကိုင် အေဂျင်စီများထံမှ အာမခံကြေး တိုးကောက်ရန်ပြင်
Donate to DVB

စစ်ကောင်စီက ပြည်ပကိုအလုပ်သမားစေလွှတ်နေတဲ့အရေအတွက်ကို ကန့်သတ်ထိန်းချုပ်နေသလို တဖက်မှာလည်း အေဂျင်စီတွေပေးသွင်းရတဲ့ အာမခံကြေးကို တိုးမြှင့်​ဖို့ပြင်ဆင်နေတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်း ဆီကသိရပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကပေးသွင်းထားရတဲ့ အာမခံကြေးကို ၁၀ ဆ လောက်တိုးမြှင့်ဖို့ ကြိုးစားနေတာကြောင့် အခက်တွေ့နေကြတယ်လို့ အေဂျင်စီလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

"တိုးသတ်မှတ်မယ့်နှုန်းကတော့ အမျိုးမျိုးကြားနေရတယ်။ စာတော့ထွက်မလာသေးဘူး။ ကြား ရသလောက်ကတော့ အာမခံကြေးထပ်တိုးမယ်ဆိုတာသေချာသလောက်ပဲ" လက်ရှိ အာမခံကြေး ကျပ်သိန်း ၃၀၀ ကနေ သိန်း ၃၀၀၀ အထိတိုးဖို့ရှိတယ်ဆိုပြီး သတင်းတွေထွက်နေပေမဲ့ အတည်မပြုနိုင်သေးဘူးလို့လည်း အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေကဆိုပါတယ်။

စစ်ကောင်စီက မတ်လကစပြီး အေဂျင်စီတခုချင်းအလိုက် အလုပ်ခေါ်စာတင်ခွင့်ဦးရေကို ကန့်သတ်ထိန်းချုပ် လိုက်လို့ အမှန်တကယ်လုပ်သားလွှတ်ပေးနေတဲ့အေဂျင်စီတွေ နစ်နာခဲ့ရပြီး လုပ်ငန်းထိခိုက်မှုတွေရှိနေချိန်မှာ အာမခံကြေးတိုးကောက်တာ မဖြစ်သင့်ဘူးလို့လည်း အေဂျင်စီလုပ်ငန်းရှင်တချို့က ဆို​ပါတယ်။

စစ်ကောင်စီက အေဂျင်စီတခုချင်းအလိုက်တလကို ထိုင်းနိုင်ငံအတွက် လုပ်သားအယောက် ၅၀၊ မလေးရှားအတွက် အယောက် ၂၀၊ ဂျပန်အတွက် ၁၅ ယောက်၊ ကိုရီးယားအတွက် ၁၀ ယောက်၊ စင်ကာပူအတွက် ၅ ယောက်ပဲအလုပ်ခေါ်စာတင်ဖို့ ကန့်သတ်ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် လာအိုနဲ့ ကျန်တခြားနိုင်ငံတွေအတွက်လည်း နိုင်ငံတခုကို ၁၀ ယောက်ထက်ပိုပြီး အလုပ်ခေါ်စာမတင်ဖို့ ကန့်သတ်ထားပါတယ်။ လက်ရှိမှာ ပြည်ပကိုအလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင်ရယူထားတဲ့ အေဂျင်စီ ၆၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013