
ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့မှာ မေ ၂၂ ရက်က အရပ်ဘက် လေယာဉ်ငယ်တစီး ပျက်ကျမှုကြောင့် ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တာဝန်ရှိသူတွေဟာ ဒေသစံတော်ချိန် မနက် ၄ နာရီ မထိုးခင်မှာပဲ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာခဲ့ကြပြီး နေအိမ်တစ်လုံးနဲ့ မော်တော်ကား အများအပြား မီးလောင်နေတာကို မြင်ခဲ့ရကြောင်း ဆန်ဒီယေဂို မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနမှ လက်ထောက်ခေါင်းဆောင် ဒန်အက်ဒီ က ပြောပါတယ်။
သူတို့ဟာ အနီးနားရှိ ဒေသခံတွေကို နေအိမ်တွေကနေ ပြောင်းရွှေ့ပေးခဲ့ပါတယ်။ အာဏာပိုင်တွေ ရောက်ရှိလာချိန်မှာ အဲဒီဧရိယာမှာ မြူတွေထူနေတယ်လို့လည်း ဆိုပါတယ်။
အဲဒီမှာ ဓာတ်အားလိုင်းတလိုင်း ပြတ်တောက်နေပြီး အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့နဲ့ ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးဌာနတို့က စုံစမ်းစစ်ဆေးရေးမှူးတွေက စုံစမ်းစစ်ဆေးမယ်လို့ ဆိုပါတယ်။
အဲဒီရပ်ကွက်ဟာ ဆန်ဒီယေဂိုရှိ ဒေသန္တရစစ်စခန်းအသီးသီးမှာ အခြေစိုက်တဲ့ စစ်ဘက်မိသားစု ၂၃၀၀ လောက် နေထိုင်ကြကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။