DVB Logo
Home
မြန်မာသတင်း
အာဆီယံစီးပွားရေး ထူးချွန်ဆု မြန်မာကုမ္ပဏီများ ချီးမြှင့်ခံရ
DVB
·
November 12, 2014
အာဆီယံစီးပွားရေး ထူးချွန်ဆု မြန်မာကုမ္ပဏီများ ချီးမြှင့်ခံရ
Donate to DVB

အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှု ထိပ်သီးအစည်းအဝေးနဲ့ အတူ ကျင်းပတဲ့ ၇ ကြိမ်မြောက် အာဆီယံ စီးပွားရေးထူးချွန်ဆု ပေးအပ်ပွဲမှာ မြန်မာကုမ္ပဏီ ၆ ခု ဆုတွေ အသီးသီး ရွေးချယ် ချီးမြှင့်ခံရပါတယ်။

လူငယ်စွန့်ဦး တီထွင်သူများ ကဏ္ဍမှာ Blue Ocean Operating Management ကုမ္ပဏီက ပထမဆု၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း ကဏ္ဍမှာ Kelvin Chia Yangon Ltd. က ဒုတိယဆု၊ အမျိုးသမီးစီးပွားခေါင်းဆောင်ကဏ္ဍမှာ City Mart Holding ကုမ္ပဏီက ဒုတိယဆု ရရှိခဲ့ပါတယ်။

[caption id="attachment_70647" align="alignright" width="285"]ဓာတ်ပုံ - Myanmar B2B Management ဓာတ်ပုံ - Myanmar B2B Management[/caption]

ဒါ့အပြင် အာဆီယံဗဟိုပြုစီးပွားကဏ္ဍမှာ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း MAI က တတိယဆု၊ Corporate Excellence ထူးချွန်လုပ်ငန်းပေါင်းစုကဏ္ဍမှာ ကမ္ဘောဇဘဏ် (KBZ) က တတိယဆုနဲ့ ဆန်းသစ်တီထွင်ကဏ္ဍမှာ FAME ဆေးဝါးကုမ္ပဏီက တတိယဆု အသီးသီး ရရှိခဲ့ပါတယ်။

ဒီဆုတွေအတွက် အာဆီယံဒေသတွင်းနိုင်ငံက ကုမ္ပဏီ ၅၀၀ ကျော်ထဲကနေ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ နိုင်ငံ အဆင့်ကို ရွေးချယ်ခံရပြီး နောက်တဆင့်အနေနဲ့ ကဏ္ဍ ၆ ခုခွဲခြား သတ်မှတ်ကာ ဒေသတွင်း နိုင်ငံ အဆင့်အနေနဲ့ ရွေးချယ်တာဖြစ်ပါတယ်။

အာဆီယံ စီးပွားရေး ထူးချွန်ဆုမှာ စင်ကာပူနိုင်ငံက ဆုတံဆိပ်အများဆုံးရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013