DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားမဟာမိတ်တပ်နှင့် နိုင်ငံရေးပါတီမဟာမိတ်အဖွဲ့တို့ တွေ့ဆုံ
DVB
·
November 12, 2014
တိုင်းရင်းသားမဟာမိတ်တပ်နှင့် နိုင်ငံရေးပါတီမဟာမိတ်အဖွဲ့တို့ တွေ့ဆုံ
Donate to DVB

လတ်တလောရန်ကုန်ကို ရောက်ရှိနေတဲ့ ယူအဲန်အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက ခေါင်းဆောင်တချို့ဟာ ယူအဲန်အေ လို့ခေါ်တဲ့ ညီညွတ်သော တိုင်ရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နဲ့ နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်းမှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

[caption id="attachment_70642" align="alignright" width="300"]တိုင်းရင်းသားမဟာမိတ်တပ်နှင့် နိုင်ငံရေးပါတီမဟာမိတ်အဖွဲ့တို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ တွေ့ဆုံစဉ် တိုင်းရင်းသားမဟာမိတ်တပ်နှင့် နိုင်ငံရေးပါတီမဟာမိတ်အဖွဲ့တို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ တွေ့ဆုံစဉ်[/caption]

အဓိကအားဖြင့် တနိုင်ငံလုံးအပစ်ခတ်ရပ်ရေး လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေတဲ့ ကိစ္စနဲ့ နိုင်ငံရေးဆွေးနွေး ပွဲ ဖြစ်ပေါ်နိုင်ရေး အလားအလာတွေ ဆွေးနွေးခဲ့ကြတယ်လို့  တွေ့ဆုံပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ယူအဲန်အေ သဘာပတိအဖွဲ့ဝင် ဦးအေးသာအောင်က ဒီဗွီဘီကို ပြောပါတယ်။

“ယူအဲန်အက်ဖ်စီခေါင်းဆောင်တွေက ရန်ကုန်ကိုရောက်တိုင်း ယူအဲန်အေနဲ့ တွေ့နေကျပါ။ လက်ရှိမြန်မာပြည်ရဲ့ နိုင်ငံရေးအနေအထားကို အပြန်အလှန်သုံးသပ်ဖလှယ်ကြတယ်။ အကြံပြု ကြတယ်။  ဒီတခေါက် တွေ့ဆုံမှုမှာတော့ ကျနော်တို့ဘက်က ဦးခွန်ထွန်းဦးက ပြီးခဲ့တဲ့ အောက်တိုဘာလကုန်က သမ္မတဦးသိန်းစိန်နဲ့ တွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို  ပြန်ပြောပြတယ်။ သူတို့ဘက်ကလည်း နေပြည်တော်မှာ ၀န်ကြီးဦးအောင်မင်းတို့နဲ့ လာတွေ့တဲ့ ကိစ္စကို ပြန်ပြောပြတယ်။ အဲန်စီစီတီနဲ့ ယူပီဒဗလျူစီတို့ ဆွေးနွေးနေတာ တိုးတက်မှုမရှိတဲ့ အပြင် နောက်ပြန် ဆုတ်မယ့်အနေအထားတောင်ဖြစ်နေလို့ ဒီတခေါက်က အဲန်စီစီတီ အနေနဲ့တွေ့ တာမဟုတ်ဘဲ အဲဒါကို ပံ့ပိုးတဲ့အနေနဲ့  ယူအဲန်အက်ဖ်စီအနေနဲ့  အလွတ်သဘော လာဆွေးနွေး တဲ့ အကြောင်းတွေပေါ့။”

အဲဒီအလွတ်သဘောဆွေးနွေးပွဲ ရလဒ်အနေနဲ့တော့ အဲန်စီစီတီ (တပြည်လုံး အပစ်ခတ်ရပ်ရေး တိုင်းရင်းသား လက်နက်ကိုင်အလုပ်အဖွဲ့)နဲ့ ယူပီဒဗလျူစီ (ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းအဖွဲ့)တို့ အတန်ကြာရပ်ထားခဲတဲ့ ဆွေးနွေးပွဲတွေကို နိုဝင်ဘာ လကုန်ပိုင်း မှာ ပြန်လည်စတင်နိုင်ဖို့ သဘောတူချက် ရခဲ့ကြောင်း သိရတယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး အစစ်အမှန်ရရှိဖို့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မဖြစ်မနေဆောင်ရွက်ရ မယ့် အကြောင်း၊ ဒါ့အပြင် ငြိမ်းချမ်းရေးရဖို့ ၁ အချက် ပြည်တွင်းစစ်ကိုရပ်စဲဖို့၊ ၂ အချက် နိုင်ငံရေးဆွေးနွေးဖို့နဲ့ သုံးအချက် သဘောတူညီချက်တွေကို လက်တွေ့အကောင်အထည်ဖော် သွားဖို့ လိုအပ်တယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

ယူအဲန်အက်ဖ်စီဘက်က နိုင်ဟံသာ၊ ခွန်ဥက္ကာ၊ ဦးထွန်းဇော်နဲ့ ဆလိုင်းထလာဟေးတို့ ၄ ဦးဟာ  ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင်၊ နိုင်ငွေသိမ်း တို့ ဦးဆောင်ပါဝင်တဲ့ ယူအဲန်အေ ကိုယ်စားလှယ် ပေါင်း ၁၀ ကျော်နဲ့ ရန်ကုန်မြို့  ၉ မိုင် ပြည်လမ်းမှာရှိတဲ့ ဦးခွန်ထွန်းဦးရဲ့ နေအိမ်မှာ ညနေ ၄ နာရီခွဲကနေ ၆ နာရီကျော်ထိ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ယူအဲန်အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်း ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားပြီး ယူအဲန်အေ ညီညွတ်သော တိုင်ရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ကတော့ ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံရေးပါတီပေါင်း ၆ ပါတီနဲ့ ဖွဲ့စည်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013