
ထိုင်းနိုင်ငံမှာ မေ ၂၃ ရက်ကစ ၂၇ ရက်ထိ ၅ ရက်တာကာလအတွင်း တနိုင်ငံလုံးနီးပါး မိုးရွာသွန်းဘွယ်ရှိပြီး နေရာအချို့မှာ မိုးသည်းထန်မယ်လို့ ထိုင်းမိုးဇလဌာနက ဒီကနေ့ မေ ၂၂ ရက် မနက် ၆ နာရီမှာ ထုတ်ပြန်ထားပါတယ်။
အနောက်တောင်မုတ်သုန်လေတွေဟာ ထိုင်းနိုင်ငံနဲ့ ထိုင်းပင်လယ်အော်၊ အက်ဒမန်ပင်လယ်တွေဆီ တိုက်ခတ်လာဖို့ရှိပြီး ဆိုက်ကလုံးမုန်တိုင်းပါ ဖြစ်ပေါ်နိုင်တယ်၊ ဒါ့ကြောင့် ထိုင်းအထက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးရွာသွန်းတာ၊ မိုးသည်းထန်တာတွေ ဖြစ် ပေါ်နိုင်မယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။
ဒါကြောင့် ရုတ်တရက် ရေကြီးရေလျှံတာ၊ တောင်ကျချောင်းရေကျတာတွေ ဖြစ်ပေါ်နိုင်တယ်၊ ပြည်သူတွေအနေနဲ့ အပြင်သွားပါက ရေကြီးရေလျှံလေ့ရှိတဲ့နေရာတွေ သတိထားရှောင်ရှားဖို့၊ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ စိုက်ပျိုးသီးနှံနဲ့ မွေးမြူရေးတိရစ္ဆာန်တွေ ပျက်စီးဆုံးရှုံးမှု မရှိအောင် ကြိုတင်ကာကွယ်ဖို့ သတိပေးထားပါတယ်။
မေ ၂၂ မနက် ၆ နာရီမှ မေ ၂၃ မနက် ၆ နာရီထိ ခန့်မှန်းချက်ကတော့ ထိုင်းမြောက်ပိုင်းဒေသမှာ ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာသွန်းဘွယ်ရှိပြီး အပူချိန်မှာ အနိမ့်ဆုံး ၂၃ မှ ၂၇ ဒီဂရီစင်တီဂရိတ်၊ မိုးကြီးနိုင်တဲ့လခရိုင်တွေမှာ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ ဖယောဝ်း၊ လမ်းပန်း၊ ဗိစနုလုတ်၊ လေတိုက်နှုန်း ၁ နာရီလျှင် ၅ မှ ၁၅ ကီလိုမီတာ ဖြစ်ပါတယ်။
ထိုင်းအရှေ့မြောက်ပိုင်းမှာ ဒေသရဲ့ ၄၀ ရာခိုင်နှူန်း မိုးရွာသွန်းဘွယ်ရှိတယ်၊ အပူချိန်မှာ အနိမ့်ဆုံး ၂၃ မှ ၂၅ ဒီဂရီစင်တီဂရိတ်၊ မိုးကြီးနိုင်သော ခရိုင်မှာ လွေး၊ နောင်ခိုင်း၊ ဥဒွန်းဌာနီ၊ စကွန်းနခွန်း၊ နခွန်းရာ့ချ်ဆီမား နဲ့ လေတိုက်နှုန်း ၁ နာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာရှိနိုင်ပါတယ်။
ထိုင်းအလယ်ပိုင်းမှာ ဒေသရဲ့ ၄၀ ရာခိုင်နှူန်း မိုးရွာသွန်းဘွယ်ရှိတယ်၊ အပူချိန်မှာ အနိမ့်ဆုံး ၂၄ မှ ၂၆ ဒီဂရီစင်တီဂရိတ်၊ မိုးကြီးနိုင်သော ခရိုင်မှာ နခွန်းဆဝမ်၊ လုပ်ပူရီ၊ ကန်ကျနပူရီ၊ စမွတ်စခွန်းနဲ့ လေတိုက်နှုန်း ၁ နာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာရှိနိုင်ပါတယ်။
ထိုင်းအရှေ့ပိုင်းမှာ ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာသွန်းဘွယ်ရှိတယ်၊ အပူချိန်မှာ အနိမ့်ဆုံး ၂၅ မှ အမြင့်ဆုံး ၂၇ ဒီဂရီစင်တီဂရိတ်၊ မိုးကြီးနိုင်သော ခရိုင်မှာ နခွန်းနားယုဒ်၊ ချွန်းပူးရီး၊ လယောင်း၊ ကျန်ထပူရီ၊ တရတ် နဲ့ လေတိုက်နှုန်းမှာ ၁ နာရီလျှင် ၁၀ မှ ၃၀ ကီလိုမီတာ၊ ပင်လယ်ပြင်လှိုင်းအမြင့် ၁ မီတာ မှ ၂ မီတာထိ မြင့်နိုင်ပါတယ်။
ထိုင်းတောင်ပိုင်းမှာ ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာသွန်းဘွယ်ရှိတယ်၊ အပူချိန်မှာ အနိမ့်ဆုံး ၂၄ မှ အမြင့်ဆုံး ၂၆ ဒီဂရီစင်တီဂရိတ်၊ မိုးကြီးနိုင်သော ခရိုင်မှာ ပရကျုပ်ခီရီခန်၊ ချွန်းဖွန်း၊ စူရတ်ဌာနီ၊ နခွန်းဆီထမရတ်၊ ရနောင်း၊ ဖန်င၊ ဖူးကက်၊ ကရပီ၊ တရန်း နဲ့ လေတိုက်နှုန်းမှာ ၁ နာရီလျှင် ၁၀ မှ ၃၀ ကီလိုမီတာ၊ ပင်လယ်ပြင်လှိုင်းအမြင့် ၁ မီတာ မှ ၂ မီတာထိ မြင့်နိုင်ပါတယ်။
ဘန်ကောက် နဲ့ အနီးတဝိုက်ဧရိယာတွေမှာတော့ ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာဘွယ်ရှိပြီး အချို့နေရာ မိုးသည်းထန်မယ်၊ အပူချိန်မှာ အနိမ့်ဆုံး ၂၅ ဒီဂရီစင်တီဂရိတ်မှ ၂၇ ဒီဂရီစင်တီဂရိတ်ထိ၊ လေတိုက်နှုန်းမှာ ၁ နာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာထိ ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
Source # TNN Earth / Bright TV