DVB Logo
Home
မြန်မာသတင်း
အိုဘားမား လုံခြုံရေးအတွက် အမေရိကန်စစ်ရေယာဉ် ရခိုင်ကမ်းရိုးတန်း ရောက်ရှိ
DVB
·
November 12, 2014
အိုဘားမား လုံခြုံရေးအတွက် အမေရိကန်စစ်ရေယာဉ် ရခိုင်ကမ်းရိုးတန်း ရောက်ရှိ
Donate to DVB

10610948_798723030166199_4200261093770498034_nအမေရိကန် သမ္မတ အိုဘားမားရဲ့ ဒုတိယအကြိမ် မြန်မာပြည် ခရီးစဉ်အတွက် လုံခြုံရေး ကြိုတင်ညှိနှိုင်းထားချက်အရ အမေရိကန်ရေတပ် Seventh Fleet ရဲ့ Amphibious Forces က Tarawa-Class Amphibious Assault Ship ဖြစ်တဲ့ စစ်ရေယာဉ် USS Peleliu (LHA-5) ဟာ နေပြည်တော်နဲ့အနီးဆုံး ရခိုင် ကမ်းရိုးတန်း ပင်လယ်ပြင်ကို နိုဝင်ဘာ ၁၁ရက်နေ့က ရှေ့ပြေး ရောက်ရှိနေပါတယ်။

အဲဒီ့ ပင်လယ်ပြင်ကိုလည်း မြန်မာ့တပ်မတော်(ရေ)က Frigate တစီးအပါအဝင် စစ်ရေယာဉ် ၂ စီး ရောက်ရှိနေပြီး နှစ်ဘက် စစ်ရေယာဉ်တပ်ဖွဲ့တွေ တွေ့ဆုံမယ်လို့ မြန်မာ့တပ်မတော် (ရေ)က သတင်းထုတ်ပြန်ထားပါတယ်။

အိုဘားမားရဲ့ ပထမဆုံး မြန်မာပြည် ခရီးစဉ် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတုန်းကလည်း လုံခြုံရေးအတွက် မြန်မာ့ပင်လယ်ပြင် မုတ္တမပင်လယ်ကွေ့ကို အမေရိကန်ရေတပ်က စစ်ရေယာဉ် USS Bonhomme Richard (Landing Helicopter Deck LHD-6) လာရောက်ခဲ့ဖူးပါတယ်။

အမေရိကန်သမ္မတအိုဘားမားဟာ ဒီနေ့ နေပြည်တော်မှာ စတင်ဖွင့်လှစ်မယ့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးနဲ့ ဆက်စပ် အစည်းအဝေးတွေ တက်ရောက်ဖို့ နိုဝင်ဘာ ၁၂ရက် ည ၇ နာရီ ၁၅ မိနစ်မှာ Air Force One နဲ့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013