
အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂါလူရူမြို့မှာ မေ ၂၀ ရက်က ဒူးဆစ်လောက်ထိမြင့်တဲ့ ရေကြီးရေလျှံမှုကြောင့် လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေမှာ ဖော်ပြပါတယ်။
ရေမြောင်းတွေမှာ နောက်ဆက်တွဲ ပိတ်ဆို့တာတွေ မဖြစ်စေရေး ကာကွယ်နိုင်အောင် အဖြေရှာဖို့ ဘန်ဂါလူရူရှိ ဒေသခံမြူနီစီပယ် ကော်ပိုရေးရှင်းကော်မရှင်နာက သူ့ရဲ့အဖွဲ့တွေကို ညွှန်ကြားခဲ့ပါတယ်။
အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ အဆိုအရ မေ ၂၂ ရက်အထိ မိုးအသင့်အတင့် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
တချိန်တည်းမှာပဲ အရှေ့မြောက်ပိုင်း ဂူဝါဟာတီမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းအများအပြား နစ်မြုပ်ခဲ့ပြီး ဒေသခံတွေဟာ ရေလျှံနေတဲ့လမ်းတွေကို ဖြတ်သန်းသွားလာခဲ့ရပါတယ်။
လမ်းတွေ၊ ရေမြောင်းတွေထဲမှာ ရေက နေရာအနှံ့ဖြစ်နေပြီး ရုံးဝင်းနဲ့ ကားပါကင်မှာလည်း ရေတွေပြည့်နေတာကြောင့် ရုံးတက်လို့တောင် မရဘူးလို့ ဒေသခံ အာရ်ကေဖူကန်က ပြောပါတယ်။
လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံဟာ အများစုမှာ လယ်ယာလုပ်ငန်းကို အားကိုးနေကြတဲ့ သူ့ရဲ့ပြည်သူတွေကို ထောက်ပံ့ပေးဖို့အတွက် မိုးရွာသွန်းမှုအပေါ် မှီခိုနေရတာပါ။
ဒါပေမဲ့လည်း အထူးသဖြင့် ရေနုတ်မြောင်းစနစ်တွေ ညံ့ဖျင်းတာကြောင့် မိုးအလွန်အကျွံ ရွာသွန်းတာကနေ ရေလွှမ်းမိုးမှုတွေဖြစ်မှာကို စိုးရိမ်နေရပါတယ်။
Source: Reuters