
မန်စီးတီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ပြောသွားပါတယ်။
မန်စီးတီးအသင်းဟာ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ရလဒ်မကောင်းခဲ့လို့ အက်ဖ်အေဖလားရယူဖို့ ပစ်မှတ်ထားခဲ့ပေမဲ့ ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့ကို ရှုံးနိမ့်ခဲ့တာကြောင့် ဆုဖလားလက်မဲ့ရာသီနဲ့ တွေ့ကြုံခဲ့ရတာပါ။
အခုနှစ်ရာသီက ခက်ခဲတဲ့ ဘောလုံးရာသီဖြစ်ပြီး အသင်းရဲ့အဆင့်အတန်းနဲ့အညီ စွမ်းဆောင်ရည်ကောင်း ထုတ်ပြနိုင်ခြင်းမရှိတဲ့ အခြေအနေကြောင့် လာမယ့်ရာသီမှာ သေချာပေါက် အပြောင်းအလဲတွေ လုပ်ဆောင်ဖို့လိုအပ်ကြောင်း ဘာနာဒိုဆေးလ်ဗားက ပြောပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့်ရာသီအတွက် ကစားသမားခေါ်ယူမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပြီး လီဗာကူဆင်ကွင်းလယ်လူ ဖလော်ရီယန်ဝစ်ဇ် အပါအဝင် နော်တင်ဟမ်က ဂစ်ဘ်ဝှိုက်နဲ့ တခြားတိုက်စစ်ကစားသမားတွေကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။