
အခုနှစ်ရာသီအကုန်မှာ ကစားသမားတွေ ထွက်ခွာဖို့ရှိလို့ အင်အားဖြည့်တင်းမှုတွေ ပြန်လည်ပြုလုပ်ဖို့ လိုအပ်ကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။
နယူးကာဆယ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားတဲ့နောက်မှာ အသင်းရဲ့ ကစားသမား အပြောင်းအရွှေ့အပေါ် နည်းပြအာတေတာက သုံးသပ်ခဲ့တာပါ။
ကစားသမား ၄ ယောက် ဒါမှမဟုတ် ၅ ယောက်လောက်က စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်သလို အငှားစာချုပ်ပြည့်တဲ့ ကစားသမားတွေလည်း ရှိတာကြောင့် ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း အာတေတာက ပြောပါတယ်။
ဒါ့အပြင် အပြောင်းအရွှေ့တိုင်းကို စနစ်တကျ ဆောက်ရွက်သွားဖို့ လိုအပ်ပြီး လာမယ့်ရာသီမှာ တောင့်တင်းတဲ့အသင်း ဖြစ်လာဖို့ လုပ်ဆောင်သွားရမှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်အသင်းမှာ စတာလင်က အငှားစာချုပ်ပြည့်မှာဖြစ်ပြီး ကွင်းလယ်လူ ဂျော်ဂျင်ညိုက ဘရာဇီးကလပ်ဆီ ပြောင်းရွှေ့မှာဖြစ်သလို တီယာနေးလ်၊ ဇင်ချန်ကိုနဲ့ ဂိုးသမား နက်တို တို့ဟာလည်း အသင်းပြောင်းရွှေ့ဖို့ ရှိနေတာပါ။
ဆုဖလားရယူနိုင်ဖို့ အကောင်းဆုံးကြိုးပမ်းသွားမှာဖြစ်ပြီး ဘယ်နည်းပြကမှ ပရီးမီးယားလိဂ် ယူမယ်၊ ချန်ပီယံလိဂ်ဆုဖလား ယူမယ်ဆိုပြီး ကတိပေးနိုင်မှာမဟုတ်ကြောင်း နည်းပြ အာတေတာက ပြောသွားပါတယ်။