
အီရန်အမျိုးသား ၃ ယောက်ကို ဗြိတိန်အမျိုးသားလုံခြုံရေးအက်ဥပဒေနဲ့ စွဲချက်တင်ပြီးတဲ့နောက် အီရန်အစိုးရက တာဝန်ယူရလိမ့်မယ်လို့ ဗြိတိန်လုံခြုံရေးဝန်ကြီးက မေ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
“ကြီးထွားလာနေတဲ့ ခြိမ်းခြောက်မှုတွေကို ကျနော်တို့ လေ့လာခဲ့ပြီး ရဲတွေက ဒီစွဲချက်တွေကို အီရန်နဲ့ ရှင်းရှင်းလင်းလင်း ချိတ်ဆက်ထားပါတယ်”လို့ ဒန် ဂျာဗစ်က ပြောပါတယ်။
အီရန်ရဲ့ လုပ်ရပ်တွေက ရန်လိုပြီး လုံးဝလက်မခံနိုင်စရာ လုပ်ရပ်တွေလို့လည်း သူက ထုတ်ပြောခဲ့ပါတယ်။
လတ်တလောနှစ်တွေအတွင်း သူတို့ရဲ့ အကြီးမားဆုံး စုံစမ်းစစ်ဆေးမှုတချို့လို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီးကခေါ်တဲ့ သီးခြားစစ်ဆင်ရေးနှစ်ခုအတွင်း အီရန်နိုင်ငံသား ၇ ယောက် အပါအဝင် အမျိုးသား ၈ ယောက်ကို ဗြိတိန်အကြမ်းဖက် နှိမ်နင်းရေးရဲတပ်ဖွဲ့က အခုလ အစောပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။
အီရန်နိုင်ငံသားတွေကို ဗြိတိန်အာဏာပိုင်တွေက ဖမ်းလိုက်ပြီလို့ သိရလို့ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ချီက အရင်ကပြောခဲ့ပါတယ်။
ဗြိတိန်ဟာ အီရန်အစိုးရကို ဗြိတိန်မှာနိုင်ငံရေးသြဇာလွှမ်းမိုးဖို့ လုပ်ဆောင်သမျှကို စာရင်းသွင်းဖို့လိုတဲ့ နိုင်ငံခြားလွှမ်းမိုးမှုစာရင်းရဲ့ အမြင့်ဆုံးအဆင့်မှာ ထားထားပါတယ်။
Source: Reuters