DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေးဥပဒေကို တုံ့ပြန်ရန် ကျောင်းသား ၅၀၀ ကျော် ဆွေးနွေး
DVB
·
November 12, 2014
အမျိုးသားပညာရေးဥပဒေကို တုံ့ပြန်ရန် ကျောင်းသား ၅၀၀ ကျော် ဆွေးနွေး
Donate to DVB

ကျောင်းသားများ ကန့်ကွက်နေပေမယ့် အမျိုးသား ပညာရေး ဥပဒေကို သမ္မတက လတ်မှတ်ရေးထိုး အတည်ပြု လိုက်တာကို တုံ့ပြန်ဖို့ ကျောင်းသား ၅၀၀ ကျော်ပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို နိုဝင်ဘာ ၁၂ရက်နေ့ ရန်ကုန် နာရေးကူညီမှု အသင်းမှာ ကျင်းပနေပါတယ်။

“ပညာရေးနဲ့ ပတ်သက်ပြီးချွတ်ယွင်းချက်တွေ အားနည်းချက်တွေ အားသာချက်တွေကို ထောက်ပြ ဆွေးနွေးဖို့ ကျောင်းသားတွေ အားလုံး သိရှိနားလည်ဖို့အတွက် ကျင်းပတာဖြစ်တယ်” လို့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး သတင်းပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

၂ ရက်ကြာ ဒီဆွေးနွေးပွဲကို ကချင်၊ ကယားစတဲ့ တိုင်းရင်းသား ဒေသက ကျောင်းသားတွေ အပါအ၀င် ကျောင်းသား ၅၀၀ ကျော်တက်ရောက်နေတာ ဖြစ်ပါတယ်။

[caption id="attachment_70572" align="alignright" width="319"]ဓာတ်ပုံ - နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး ဖြစ်မြောက်ရေး အဖွဲ့ ဓာတ်ပုံ - နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး ဖြစ်မြောက်ရေး အဖွဲ့[/caption]

နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ အစည်းအဝေးတက်ရောက်ဖို့ ရောက်ရှိလာတဲ့ ဒေသအသီးသီက လာရောက်တဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က လာရောက်တွေ့ဆုံခဲ့ပါတယ်။ ကျောင်းသားထု အရေးပေါ် အစည်းအဝေး ကျင်းပမည့် နာရေး ကူညီမှု အသင်း (ရန်ကုန်) ရုံးကို နိုဝင်ဘာ ၁၁ ရက်နေ့ ညနေက ရဲတပ်ဖွဲ့က လာရောက်ပြီး ခွင့်ပြုချက်မတောင်းတဲ့ အပေါ် လာရောက် မေးမြန်းခဲ့သလို စီစဉ် ဆောင်ရွက်သူတွေရဲ့ အမည်စာရင်းကို တောင်းယူသွားတယ်လို့ ဆိုပါတယ်။

နာရေးကူညီမှုအသင်း ရုံးမှာလည်း မနေ့ကတည်းက ထောက်လှမ်းရေးတွေ ရှိနေတယ်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်)က ဦးကျော်သူက ပြောပါတယ်။ “ဒီလို တားမြစ်ပိတ်ဆို့တာတွေက လူငယ်တွေရဲ့ အနာဂတ်ကို ပိတ်ဆို့တာနဲ့ အတူတူပဲ၊ လူငယ်ဆိုတာ လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိရမယ်၊ လွတ်လပ်စွာ စည်းနဲ့ကမ်းနဲ့ လုပ်ပိုင်ခွင့် ရှိရမယ်။ ဒါကတော့ ဥပဒေ ချိုးဖောက်တာလည်း မဟုတ်ဘူး။ အဲဒါမျိုး တင်းကြပ်မှုတွေများရင် ထွက်ပေါက်တွေ ရှာလာရင် အဲဒီထွက်ပေါက် အမှားတွေဖြစ်လာရင် တိုင်းပြည်က ဒုက္ခရောက်သွားမယ်” ဦးကျော်သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013