
ယူအေအီးနိုင်ငံဟာ အမေရိကန်နဲ့ စီးပွားရေးတိုးချဲ့သွားဖို့ ဆန္ဒရှိတဲ့အကြောင်း သမ္မတ မိုဟာမက်ဘင်ဇာယက်အာနတ်ယန်က ပြောပါတယ်။
ယူအေအီးသမ္မတဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ မေ ၁၅ ရက်မှာ တွေ့ဆုံခဲ့ပြီး အမေရိကန်မှာ ဒေါ်လာ ၁ ဒသမ ၄ သန်း ရင်းနှီးမြှုပ်နှံဖို့ ကတိပြုထားပါတယ်။
ထရမ့်ပ်ဟာ ဒီတပတ်အတွင်း ဆော်ဒီအာရေဗျ၊ ကာတာ စတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို အလည်အပတ်သွားခဲ့ပြီး ယူအေအီးနိုင်ငံက သူ့ရဲ့ အရှေ့အလယ်ပိုင်း နောက်ဆုံးခရီးစဉ် ဖြစ်ပါတယ်။
အမေရိကန်နဲ့ ကာလရှည် လုံခြုံရေးမဟာမိတ်အဖြစ် ၂ နိုင်ငံတည်ရှိခဲ့ပြီး ရှေ့ဆက်ပြီး ခရီးဆက်မှာဖြစ်ကြောင်း ယူအေအီးသမ္မတက ထရမ့်ပ်ကို ပြောပါတယ်။
ဒါ့အပြင် ယူအေအီးသမ္မတက ၁၀ နှစ်အတွင်း အမေရိကန်မှာ ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ကြောင်းနဲ့ ၂ နိုင်ငံ ချစ်ကြည်ရေးကို တိုးမြှင့်မှာဖြစ်ပြီး ၂ နိုင်ငံစလုံး အကျိုးဖြစ်ထွန်းစေဖို့ ဆန္ဒရှိနေပါတယ်။
ယူအေအီးရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ထရမ့်ပ်က “ထိုက်တန်ဖို့အတွက် ကျနော်တို့ အရမ်းကြိုးစားပါမယ်” လို့ ပြောဆိုထားပါတယ်။
ယူအေအီးနဲ့ အမေရိကန်တို့ဟာ နည်းပညာဆိုင်ရာ သဘောတူညီမှုစာချုပ်တွေ ချုပ်ဆိုမယ်လို့လည်း ခန့်မှန်းရပါတယ်။
ယူအေအီးဟာ အမေရိကန်ရဲ့ အဆင့်မြင့် AI ချစ်ပ်ပြားတွေကို ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
Source: Reuters