DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်ရန် ထရမ့်ပ်နှင့် ပူတင် လိုအပ်
DVB
·
May 16, 2025
ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်ရန် ထရမ့်ပ်နှင့် ပူတင် လိုအပ်
Donate to DVB

ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်ဖို့ ထရမ့်ပ်နဲ့ ပူတင် လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ပြောပါတယ်။

အစ္စတန်ဘူလ်မြို့မှာ ယူကရိန်း-ရုရှားစစ်ပွဲ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုပြုလုပ်မှာ ဖြစ်ပေမဲ့ ရုရှားသမ္မတ ပူတင် မတက်ရောက်တာကြောင့် ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း ကိုယ်စားလှယ်အဖွဲ့ပဲ စေလွှတ်မှာ ဖြစ်ပါတယ်။

“အစ္စတန်ဘူလ်ဆွေးနွေးပွဲမှာ သမ္မတ ထရမ့်ပ်နဲ့ သမ္မတ ပူတင်တို့လို ဒီငြိမ်းချမ်းရေးအတွက် တိုက်ရိုက်သက်ဆိုင်သူတွေ မပါလို့ အစည်းအဝေးပွဲ အောင်မြင်မယ်လို့ မထင်ပါဘူး” လို့ ရူဘီအိုက ပြောပါတယ်။

ရူဘီအိုဟာ NATO အစည်းအဝေးပွဲအတွက် ဥရောပကို ရောက်နေတာဖြစ်ပြီး ဒီအစည်းအဝေးပွဲကို သူလည်း တက်‌ရောက်မှာဖြစ်ပါတယ်။

ရုရှားနိုင်ငံ ဒုသမ္မတ ဗလာဒီမာ မဲဒင်စကီးက ရုရှားနိုင်ငံကစေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ လိုအပ်ချက်တွေအားလုံး ပြည့်စုံတယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတွေကို အလည်အပတ်ခရီး သွားရောက်နေတဲ့ ထရမ့်ပ်ကလည်း ပူတင်နဲ့ သူ လူချင်းတွေ့ရင်တောင် ငြိမ်းချမ်းရေးအတွက် လုံလောက်တဲ့တွေ့ဆုံမှု ဖြစ်မှာမဟုတ်တဲ့ အကြောင်း ပြောထားပါတယ်။

ယူကရိန်း-ရုရှား စစ်စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး အမေရိကန်၊ ရုရှား၊ ယူကရိန်း၊ တူရကီနိုင်ငံ ကိုယ်စားလှယ်တွေဟာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆွေးနွေးမှု ပြုလုပ်မှာ ဖြစ်ပါတယ်။

ဥရောပခေါင်းဆောင်တွေက ရက် ၃၀ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ဖို့ ဖုန်းခေါ်ဆိုမှုကို ပူတင်က မေ ၁၅ ရက်မှာ တိုက်ရိုက်ဆွေးနွေးမှုပြုလုပ်ဖို့ အဆိုပြုထားပါတယ်။

အဲဒီနောက် ဇလန်းစကီးက ပူတင်ကို လူချင်းတွေ့ဖို့ စီစဉ်ခဲ့ပေမဲ့ ရုရှားက သူတို့သမ္မတဟာ တရားဝင်ခရီးသွားဖို့ မရှိတဲ့အကြောင်း ပြောဆိုခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့တာပါ။

ဒီလို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှုဟာ ထရမ့်ပ်နဲ့ တူရကီခေါင်းဆောင်တွေကို လေးစားမှုမရှိတဲ့အကြောင်း ဇလန်းစကီးက စွပ်စွဲထားပါတယ်။

ရုရှားကိုယ်စားလှယ်အဖွဲ့မှာ စီနီယာအရာရှိတွေ မပါသလို ပူတင်နဲ့ လူချင်းတွေ့ဖို့ကိုပဲ ဇလန်းစကီးက အကြိမ်ကြိမ် တောင်းဆိုနေတာဖြစ်ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ဟာ ၂၀၂၂ ခုနှစ်က ဆွေးနွေးမှုပြုလုပ်ခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ဘဲ ပထမဆုံးအကြိမ် ဆွေးနွေးမှု ပြန်လုပ်တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံကို ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကျွန်းဆွယ် တောင်ပိုင်းကို သိမ်းယူထားမှု အပါအဝင် ယူကရိန်းနယ်မြေ ၂၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားတာ တွေ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013