
အီရန်ဟာ ဘယ်လိုအနိုင်ကျင့်မှုကိုမှ ဦးညွှတ်မှာမဟုတ်ဘူးလို့ အီရန်သမ္မတ မာဆွတ်ဒ် ပေဇက်ရှ်ကီယံက သူ့ရဲ့ ပင်လယ်ကွေ့ခရီးစဉ်အတွင်း မေ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်အစိုးရအပေါ် ဝေဖန်မှုကို တုံ့ပြန်တဲ့အနေနဲ့ ခုလို ပြောလိုက်တာပါ။
အီရန်သမ္မတက “ထရမ့်ပ်က ဒီကိုလာနိုင်တယ်လို့ ထင်နေတယ်၊ ကြွေးကြော်သံတွေရွတ်ပြီး ကျနော်တို့ကို ခြောက်တယ်။ ကျနော်တို့အတွက်၊ အာဇာနည်ဖြစ်ရတာက အိပ်ရာထဲမှာ သေတာထက် ပိုချိုမြိန်တယ်။ ကျနော်တို့က အနိုင်ကျင့်တာကို ဦးညွှတ်မှာ မဟုတ်ဘူး” လို့ ဗုဒ္ဓဟူးနေ့က နိုင်ငံပိုင်ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ မှတ်ချက်အတွင်း ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းက အမေရိကန်ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ရဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း ထရမ့်ပ်က အီရန်နဲ့ သဘောတူညီချက်တရပ် လုပ်ချင်တယ်လို့ ပြောခဲ့တာပါ။
ဒါပေမဲ့ ဒီလိုဖြစ်လာဖို့၊ ကြောက်စရာ ပံ့ပိုးကူညီမှုတွေကို ရပ်တန့်ဖို့၊ သွေးထွက်သံယိုဖြစ်နေတဲ့ ကြားခံစစ်ပွဲတွေကို ရပ်တန့်ဖို့၊ နျူလက်နက်ရရေး ကြိုးပမ်းချက်တွေကို အပြီးအပိုင် ရပ်တန့်ဖို့ ထရမ့်ပ်က ပြောခဲ့တာပါ။
အီရန်အစိုးရရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ အီရန်နဲ့ အမေရိကန် စေ့စပ်ညှိနှိုင်းသူတွေကြား အိုမန်နိုင်ငံမှာ ကျင်းပတဲ့ ဆွေးနွေးပွဲတွေဟာ မေ ၁၁ ရက်မှာ ပြီးဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
Source: Reuters