
အာဆီယံထိပ်သီးအစည်းအဝေးပွဲကို ဒီကနေ့နဲ့ မနက်ဖြန် နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုစင်တာ MICC 1 မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်များ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။
အာဆီယံ ၁၀ နိုင်ငံခေါင်းဆောင်တွေ အပါအ၀င် အမေရိကန် တရုတ် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှား၊ ကုလသမဂ္ဂ အတွင်းရေးမှူးချူပ် စတဲ့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင် ၂၁ ဦးလည်း တက်ရောက်ကြမှာဖြစ်ပြီး ခေါင်းဆောင်တချို့လည်း မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။
အာဆီယံ ထိပ်သီးညီလာခံ ကျင်းပမယ့် နေပြည်တော်ကို ဒုတိယအမြင့်ဆုံး လုံခြုံရေးအဖြစ် လိမ္မော်ရောင်အဆင့် သတ်မှတ်ဆောင်ရွက်နေပြီး အမေရိကန်လုံခြုံရေး အဖွဲ့တွေလည်း လာရောက် လုံခြုံရေးယူထားပါတယ်။ အမေရိကန်သမ္မတ ကတော့ ဒီနေ့ည နေပြည်တော်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
[gallery ids="70547,70548,70549,70550,70551,70552,70553,70554"]











