Home
မြန်မာသတင်း
လာမည့်နှစ်အတွက် အ​ခြေခံပညာကျောင်းများ မေ ၂၂ တွင် စတင်ကျောင်းအပ်နိုင်
DVB
·
May 16, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း‌‌တွေကို လာမယ့် မေ ၂၂ ရက်မှာ စတင်ကျောင်းအပ်နိုင်မှာ ဖြစ်တယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ပညာသင်နှစ် အခြေခံပညာကျောင်းတွေမှာ လာမယ့် ၂၂ ရက်ကစကာ ကျောင်းအပ်နှံနိုင်ပြီး ဘယ်အခကြေးငွေကိုမှ လုံးဝ မကောက်ခံဘူးလို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခြေခံပညာကျောင်းတွေကို မေ ၂၂ ရက်ကနေ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး အခကြေးငွေကောက်ခံမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံတဲ့အခါ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနဲ့ စာကြည့်တိုက်ကြေး အပါအဝင် ဘယ်အခကြေးငွေကိုမှ ကောက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် သူငယ်တန်း(KG)ကနေ ဒွါဒသမတန်း (Grade 12) သင်ရိုးသစ် တက်ရောက်မယ့် ကျောင်းသား ကျောင်းသူတွေကို ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံနဲ့ စာရေးကိရိယာတွေကို အခမဲ့ ထောက်ပံ့ပေးသွားမယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းအပ်နှံရေး သီတင်းပတ် မေ ၂၃ ရက်ကနေ ဇွန် ၁ ရက်ထိ ကျောင်းအပ်နှံသူဟာ ၆ သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024