Home
မြန်မာသတင်း
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမလတွင် မြန်မာ့ဆန်တင်ပို့မှု ၂၇ ရာခိုင်နှုန်းကျော် မြင့်တက်
DVB
·
May 16, 2025

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ရဲ့ ပထမလဖြစ်တဲ့ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့ ဆန်နဲ့ ဆန်ကွဲတင်ပို့မှုက ၂၇ ရာခိုင်နှုန်းကျော် မြင့်တက်မှုရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထုတ်ပြန်တဲ့ အချက်အလက်တွေအရသိရပါတယ်။

MRF ရဲ့ ထုတ်ပြန်ချက်အရ အခုနှစ် ဧပြီလအတွင်း တင်ပို့နိုင်ခဲ့တဲ့ ဆန်နဲ့ ဆန်ကွဲပမာဏက  တန်ချိန် ၁၄၂,၇၀၀ ကျော် ရှိပြီး ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဧပြီလမှာ တင်ပို့နိုင်ခဲ့တဲ့ တန်ချိန် ၁၁၁,၈၆၂ နဲ့နှိုင်းယှဉ်ရင် ၂၇ ရာခိုင်နှုန်းကျော် တိုးတက်မှုရှိခဲ့တာ တွေ့ရပါတယ်။

ဒီကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်၊ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ယူနိုက်တက်ကင်းဒမ်း (UK)၊ ဖိလစ်ပိုင်၊ စပိန်၊ အင်ဒိုနီးရှားနဲ့ ပိုလန်အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ ဆန်နှင့်ဆန်ကွဲ တွေကိုတင်ပို့နိုင်ခဲ့ပါတယ်။  ဒါပေမဲ့ နယ်စပ်လမ်းကြောင်းက တဆင့်တော့ လုံးဝတင်ပို့မှုမရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တခုလုံးမှာတော့ တန်ချိန် ၂ ဒသမ ၄၈ သန်းကျော်တဲ့ ဆန်နဲ့ ဆန်ကွဲ တွေကို ပြည်ပကို တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလီယံရရှိခဲ့ပါတယ်။

ဒီပမာဏဟာ MRF ကသတ်မှတ်ထားတဲ့ ကန်ဒေါ်လာ ၁ ဘီလီယံ ရည်မှန်းချက်ထက် ကျော်လွန်မှု ရှိခဲ့ပါတယ်။

ဆန်တင်ပို့မှု မြင့်တက်ပေမဲ့ စပါးဈေးကွက်မှာ ဝယ်ယူသူနည်းပြီး ဈေးမရဖြစ်နေတာကြောင့် တောင်သူတွေ အတွက်ကတော့ အရှုံးတွေနဲ့ ရင်ဆိုင်နေကြရ ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024