
အာဆင်နယ်အသင်းဟာ လာမယ့်ရာသီအတွက် စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်နဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး ရှက်စ်ကို တို့ထဲက တယောက်ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပါတယ်။
အာဆင်နယ်ဟာ အခုနှစ်ရာသီမှာ တိုက်စစ်မှူးတွေ ဒဏ်ရာရခဲ့လို့ ကွင်းလယ်လူ မီခေးလ်မယ်ရီနိုကို တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ရတာပါ။
လာမယ့်ရာသီမှာတော့ အလားတူပြဿနာတွေ မဖြစ်စေဖို့အတွက် တိုက်စစ်မှူးတယောက် မဖြစ်မနေ ခေါ်ယူသွားမှာပါ။
သတင်းတွေအရ စပို့တင်းတိုက်စစ်မှူး ဗစ်တာယိုကရက်စ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတောင် ရရှိနေပြီလို့ သိရပြီး ယိုကရက်စ်နဲ့ အဆင်မပြေဖြစ်ခဲ့ရင် လိုက်ပ်ဇစ်က ဆလိုဗက်ကီးယား တိုက်စစ်မှူး ဘင်ဂျမင်ရှက်စ်ကိုနဲ့ အစားထိုး ခေါ်ယူသွားမယ်လို့ သိရပါတယ်။