DVB Logo
Home
မြန်မာသတင်း
ထိုင်းမြန်မာနယ်စပ်တွင် ထိုင်းရဲနှင့် မူးယစ်ကုန်သည်တို့ ပစ်ခတ်၊ ၅ ဦးသေဆုံး
DVB
·
November 11, 2014
ထိုင်းမြန်မာနယ်စပ်တွင် ထိုင်းရဲနှင့် မူးယစ်ကုန်သည်တို့ ပစ်ခတ်၊ ၅ ဦးသေဆုံး
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်က မြန်မာနယ်စပ် တောအုပ်ထဲမှာ နိုဝင်ဘာလ ၁၁ ရက် မနက် ၁၁ နာရီလောက်က ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ မူးယစ်ကုန်သည် တွေကြား ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၅ ဦးသေဆုံးတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

[caption id="attachment_70522" align="alignright" width="335"]ဓာတ်ပုံ - hedlomnews.com ဓာတ်ပုံ - hedlomnews.com[/caption]

ချင်းဒေါင်းမြို့နယ် မိုင်းနကျေးရွာအုပ်စုထဲမှာ မူးယစ်ဆေးဝါး ကုန်သည်တွေ ဖြတ်သန်းလာမယ့် အကြောင်း ကြိုတင်သတင်းအရ အမှတ် ၃၃၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက ဘန့်ဒင်ယာ့ချတ် ကျေးရွာအနီး တောအုပ်မှာ စောင့်ဆိုင်းနေခဲ့ကြောင်း၊ အဲဒီအချိန်မှာ ကျောပိုးအိတ်ကိုယ်စီ လွယ်ထားတဲ့ လူ ၇ ဦး၊ ၈ ဦးလောက် ဖြတ်လာပြီး သူတို့က လူယောင်ပြ ရပ်မိန့်ပေးရာမှာ တဘက်က ရပ်မပေးဘဲ သေနတ်နဲ့ စတင် ပစ်ခတ်တဲ့အတွက် အပြန်အလှန် ပစ်ခတ်ကြကြောင်း၊ ကုန်သည်ဘက်က အနည်းဆုံး လူ ၄ ဦး သေဆုံးသွားကာ ကျန်တဲ့သူတွေက ပစ်ခတ်ရင်းလွတ်မြောက်သွားတယ်လို့ ချင်းဒေါင်းမြို့မရဲစခန်း စခန်းမှူး ဗိုလ်မှူးကြီး ဖိယ ဖန်းဖတ်ဆဖုန်းဆင် ရဲ့ အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဟဲလိုနယူးစ် သတင်းမှာတော့ သေဆုံးသွားတဲ့ မူးယစ်ကုန်သည် ၅ ဦးရှိကြောင်း၊ သူတို့ဆီကနေ ကျောပိုးအိတ် ၆ လုံး၊ သေနတ် ၄ လက်နဲ့ ကျည်တကဒ် သိမ်းဆည်းရမိကြောင်း၊ ကျောပိုးအိတ် တလုံးမှာ ရာဘမြင်းဆေးအလုံးရေ ၇ သောင်းပါရှိတဲ့အတွက် စုစုပေါင်း ရာဘအလုံးရေ ၄ သိန်း ၂ သောင်းကို သိမ်းဆည်းရမိတယ်လို့ အမှတ် ၃ တိုင်းဒေသ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဖိုင်းလွန်း ရိမ်းပရခွန်းရဲ့ အပြောကို ကိုးကားဖော်ပြပါတယ်။

သေဆုံးသွားတဲ့ မူးယစ်ကုန်သည်တွေကတော့ နိုင်းကျလာ ဆိုယို့ ၂၃ နှစ်၊ နိုင်းစဲ့ခိ ကျတော့ ၂၇ နှစ်၊ နိုင်းအယ်ပါ ကျပို့ ၃၆ နှစ်၊ နိုင်းချေ့ ၁၇ နှစ်နဲ့ နိုင်းတ၀ိ ကျကာ ၃၀ နှစ်တို့ ဖြစ်ကြကာ အားလုံး ထိုင်းနယ်စပ်က လားဟူလူမျိုးတွေ ဖြစ်ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013