DVB Logo
Home
နိုင်ငံတကာ
တင့်ကား ပစ်ခတ်မှုနှင့် အထူးစစ်ဆင်ရေး လေ့ကျင့်မှုကို ကင်မ်ဂျုံအန်း ကြီးကြပ်
DVB
·
May 14, 2025
တင့်ကား ပစ်ခတ်မှုနှင့် အထူးစစ်ဆင်ရေး လေ့ကျင့်မှုကို ကင်မ်ဂျုံအန်း ကြီးကြပ်
Donate to DVB

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ မေ ၁၃ ရက်က စစ်ဘက်အထူးတပ်ဖွဲ့တွေရဲ့ တင့်ကားပစ်ခတ်လေ့ကျင့်မှုနဲ့ နည်းဗျူဟာဆိုင်ရာ အထူးစစ်ဆင်ရေး လေ့ကျင့်မှုကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က မေ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

KCNA အစိုးရ သတင်းဌာနက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ ကင်မ်ဂျုံအန်းဟာ စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်နေပြီး စစ်ဘက်အရာရှိတွေနဲ့ စစ်သားတွေကို တွေ့ဆုံနေပုံတွေ ပြသခဲ့ပါတယ်။

“အရေးကြီးဆုံးတာဝန်ကတော့ စစ်ပွဲပြင်ဆင်မှုတွေကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းပဲ ဖြစ်ကြောင်း” ကင်မ်ဂျုံအန်းက ပြောသွားတယ်လို့ KCNA ရဲ့ ထုတ်လွှင့်ချက်အရ သိရပါတယ်။

အရင်တပတ်က ပြုံယမ်းရှိ ရုရှားသံရုံးကို သွားရောက်ချိန်အတွင်းမှာ ကင်မ်က ရုရှားအပေါ် စစ်ရေးအရ ရန်စမှုအဖြစ် အမေရိကန်က ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် မြောက်ကိုရီးယားကလည်း စစ်အင်အားအသုံးပြုမှုကို ခွင့်ပြုဖို့ တွန့်ဆုတ်နေမှာမဟုတ်ကြောင်း ပြောသွားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013