DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမား အကြမ်းဖက် သတ်ဖြတ်ခံရမှု တားဆီးပေးရန် မလေးရှားကို အစီရင်ခံစာပို့
DVB
·
November 11, 2014
မြန်မာအလုပ်သမား အကြမ်းဖက် သတ်ဖြတ်ခံရမှု တားဆီးပေးရန် မလေးရှားကို အစီရင်ခံစာပို့
Donate to DVB

parlimentမလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေကို အကြမ်းဖက် သတ်ဖြတ်ခံရတာတွေကို တားဆီးဖို့ အစီရင်ခံစာ တစောင်ပြုစုပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက မလေးရှားနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌကို ပေးပို့တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ အမျိုးသား လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန် အစည်းအဝေးမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၆ က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က မလေးရှားနိုင်ငံမှာ မြန်မာလူမျိုးတွေ အသတ်ဖြတ်ခံနေရတာကို တားဆီးဖို့ လုပ်ဆောင်နေတဲ့ အခြေအနေကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းက စတင်ပြီး အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်ခဲ့ရာကနေ အစီရင်ခံစာကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဖတ်ကြားခဲ့တာ ဖြစ်တယ်လို့ လွှတ်တော်မှာ သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုနေဖြိုးဝင်းက ပြောပါတယ်။

ဒီနေ့ဖတ်သွားတဲ့ အစီရင်ခံစာကို အင်္ဂလိပ်လို ဘာသာပြန်ပြီး မလေးရှား လွှတ်တော် ဥက္ကဋ္ဌထံ အရင်ပေးပို့ ဖြစ်ပြီး ထူးခြားမှုမရှိရင်တော့ အာဆီယံလွှတ်တော်တွေ အချင်းချင်း ပူးပေါင်း ဆောင်ရွက်တဲ့ AIPA (ASEAN Inter-Parliamentary Assembly) နည်းလမ်းကို အသုံးပြု သွားမယ်လို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသွားတယ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013