DVB Logo
Home
မြန်မာသတင်း
ဒလတံတားကို စစ်ခေါင်းဆောင်လာရောက်ရန်ရှိသဖြင့် လမ်းများခင်းပြီး လုံခြုံရေးတိုးမြှင့်
DVB
·
May 13, 2025
ဒလတံတားကို စစ်ခေါင်းဆောင်လာရောက်ရန်ရှိသဖြင့် လမ်းများခင်းပြီး လုံခြုံရေးတိုးမြှင့်
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်ကို မေလတတိယပတ်ထဲ လာဖို့ ရှိနေတာကြောင့် ဒလတံတားအနီးမှာ လမ်းတွေခင်းတာ မီးတိုင်တွေ ပြုပြင်နေတာတွေနဲ့ လုံခြုံရေးကိုလည်း တိုးမြှင့်ထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဒလတံတားလို့ ခေါ်တဲ့ ကိုးရီးယား - မြန်မာ ချစ်ကြည်ရေးတံတားကို လာကြည့်ဖို့ရှိနေပြီးတော့ ရန်ကုန်ကိုမလာခင် စစ်ခေါင်းဆောင်ဟာ မန္တလေးကို သွားဖို့ ရှိနေတယ်လို့ သတင်းအရင်းအမြစ်က ဆိုပါတယ်။

စစ်ကောင်စီနဲ့နီးစပ်သူက “ရန်ကုန်မှာတော့ အခုရက်ပိုင်းထဲ မင်းအောင်လှိုင်လာမှာမို့ လုံခြုံရေးနည်းနည်း ပိုလှည့်နေတယ်။ ကိုရီးယားတံတားကို လာမယ်ဆိုပြီး သိရတယ်။ တံတားက အလယ်ဘောင်ချိန်ဖို့ လိုသေးတယ်။ အဒါကို ရွှေမူလီတပ်မယ်ဆိုလား ပဲသိရပါတယ်။ အဲဒါပြီးမှ ဖွင့်မှာမို့ မင်းအောင်လှိုင်သွားမှာ” လို့ DVB ကို ပြောပါတယ်။

ကိုးရီးယား - မြန်မာ ချစ်ကြည် ရေးတံတားဟာ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးကျောင်းနဲ့ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးကို ဆက်သွယ်ထား‌တာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီအစိုးရ လက်ထက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာ တံတားအတွက် ပထမဆုံးပိုင်တိုင်ကို ပန္နက်တင်ခဲ့ပြီး တည်ဆောက်မှုကို စတင်ခဲ့တာ ဖြစ်ပေမဲ့ ကိုဗစ်ကာလနဲ့ စစ်တပ်အာဏာသိမ်းတာတွေကြောင့်  တံတားတည်ဆောက်ရေး ခေတ္တရပ်နားခဲ့ရပါတယ်။

အဲဒီနောက် ၂၀၂၂ ခုနှစ်ထဲ ပြန်လည်စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလမှာလည်း စစ်ခေါင်းဆောင်ဟာ အဲဒီတံတားကို လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် အောက်တိုဘာလက သမ္မတငြိမ်း ဦးသိန်းစိန်ဟာ တောင်ကိုရီးယား ချစ်ကြည်ရေး ခရီးစဉ်အတွင်း မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားစီမံကိန်းတခု အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံရဲ့  Economic Development Cooperation Fund (EDCF) ချေးငွေနဲ့ တည်ဆောက်ဖို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီတံတားတည်ဆောက်ဖို့ ခန့်မှန်းကုန်ကျစရိတ်ဟာ တောင်ကိုရီးယားဘက်က EDCF Loan ချေးငွေ အမေရိ ကန်ဒေါ်လာ ၁၃၇.၈၃၃ သန်းနဲ့ မြန်မာအစိုးရဘက်က ထည့်ဝင်ငွေ ၃၀.၃၄၁ သန်း ဖြစ်တယ်လို့ သိရပါတယ်။

မင်းဆက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013