DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်နှင့် အပစ်အခတ်ရပ်စဲပြီးနောက် အိန္ဒိယက လေဆိပ်များပြန်ဖွင့်
DVB
·
May 13, 2025
ပါကစ္စတန်နှင့် အပစ်အခတ်ရပ်စဲပြီးနောက် အိန္ဒိယက လေဆိပ်များပြန်ဖွင့်
Donate to DVB

တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့  အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်က အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပြီးနောက် မေ ၁၂ ရက်မှာ လေဆိပ်တွေကို ပြန်ဖွင့်လိုက်ပြီလို့ နယူးဒေလီက ကြေညာလိုက်ပါတယ်။

အိန္ဒိယနိုင်ငံဟာ တိုက်ပွဲတွေအတွင်း ပိတ်ထားခဲ့တဲ့ လေဆိပ် ၃၂ ခုကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အရပ်ဘက်လုပ်ငန်းတွေကို ပြန်လုပ်ဆောင်နိုင်ပြီလို့ အိန္ဒိယ လေဆိပ်အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ တချို့စာသင်ကျောင်းတွေကိုတော့ ပိတ်ထားဆဲဖြစ်ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ စစ်ဆင်ရေးအကြီးအကဲတွေဟာ မေ ၁၂ ရက်က တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့ကြကြောင်း အိန္ဒိယစစ်တပ်က ပြောပါတယ်။

ညတွင်းချင်း ပေါက်ကွဲသံတွေ၊ ဒုံးကျည်တွေ ပစ်ခတ်မှု သတင်းတွေ မရရှိခဲ့ဘဲ မေ ၁၁ ရက်ဟာ လတ်တလောရက်ပိုင်းအတွင်း သူတို့ရဲ့ နယ်စပ်တလျှောက်မှာ ပထမဆုံး ငြိမ်းချမ်းတဲ့ည ဖြစ်ကြောင်း အိန္ဒိယစစ်တပ်က ပြောပါတယ်။

နျူကလီးယားလက်နက်ပိုင် အိမ်နီးချင်း ၂ နိုင်ငံတို့ဟာ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြလို့ အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ၄ ရက်ကြာ အပြန်အလှန် ပစ်ခတ်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့အပြီး မေ ၁၀ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013