DVB Logo
Home
နိုင်ငံတကာ
ဂါဇာကမ်းမြောင်က လူဦးရေ ၅ သိန်းခန့် အငတ်ဘေးဖြင့် ရင်ဆိုင်နေရ
DVB
·
May 13, 2025
ဂါဇာကမ်းမြောင်က လူဦးရေ ၅ သိန်းခန့် အငတ်ဘေးဖြင့် ရင်ဆိုင်နေရ
Donate to DVB

ဂါဇာကမ်းမြောင်က လူဦးရေ ၅ သိန်းလောက် ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ဆာလောင်မွတ်သိပ်မှု စောင့်ကြည့်ရေးအဖွဲ့က မေ ၁၂ ရက်မှာ ပြောပါတယ်။

အစ္စရေးတို့က ပိတ်ဆို့ထားတဲ့ နယ်မြေ ဂါဇာဟာ စက်တင်ဘာလကုန်မှာ ဖြစ်ပွားနိုင်ခြေမြင့်တဲ့ အငတ်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရဆဲပဲလို့လည်း အဖွဲ့က ပြောပါတယ်။

စားနပ်ရိက္ခာဖူလုံရေး ဘက်စုံပေါင်းစည်းထားတဲ့ အဆင့်လိုက် အမျိုးအစား ခွဲခြားခြင်းအဖွဲ့ (IPC) ရဲ့ နောက်ဆုံးထုတ် အစီရင်ခံချက်ထဲမှာ သေးငယ်ပြီး လူနေထူထပ်တဲ့ ပါလက်စတိုင်းနယ်မြေအတွင်း နိုင်ငံတကာအေဂျင်စီတွေရဲ့ သတိပေးချက်တွေကို ရောင်ပြန်ဟပ်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး အခြေအနေမှာ သိသိသာသာ ယိုယွင်းလာတာကိုလည်း ကိုးကားဖော်ပြခဲ့ပါတယ်။

ဂါဇာကမ်းမြောင်တဝန်းက လူပေါင်း ၂ ဒသမ ၁ သန်းလောက်၊ အကြမ်းဖျင်းအားဖြင့် လူဦးရေတရပ်လုံးဟာ စက်တင်ဘာလကုန်မှာ ပြင်းထန်တဲ့ စားနပ်ရိက္ခာ မလုံလောက်မှုအဆင့်ကို ကြုံတွေ့ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

သူတို့ထဲက လူ ၄၇၀,၀၀၀ လောက်ကတော့ ကပ်ဘေးအဆင့်ထဲအထိ ရောက်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ထောင်နဲ့ချီတဲ့ ကယ်ဆယ်ရေးကုန်ကားတွေ နယ်မြေထဲ ဝင်ခွင့်ရခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်သွားပြီးတဲ့နောက် အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို မတ်လအစောပိုင်းကတည်းက ပိတ်ဆို့ထားခဲ့တာပါ။

အကူအညီပေးရေး အေဂျင်စီတွေက မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ပေးပို့ဖို့ မတတ်နိုင်ဘဲ ဂါဇာမှာ စစ်ရေးစစ်ဆင်ရေး အကြီးအကျယ်လုပ်ဖို့ အစ္စရေးက စီစဉ်နေတယ်လို့ IPC ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013