DVB Logo
Home
နိုင်ငံတကာ
ရည်းစားကိုနှိပ်စက်ပြီး အခြားသူနှင့်လိင်ဆက်ဆံစေခဲ့သည့် နာမည်ကြီးရက်ပါ ဒစ်ဒီ တရားရင်ဆိုင်ရ
DVB
·
May 13, 2025
ရည်းစားကိုနှိပ်စက်ပြီး အခြားသူနှင့်လိင်ဆက်ဆံစေခဲ့သည့် နာမည်ကြီးရက်ပါ ဒစ်ဒီ တရားရင်ဆိုင်ရ
Donate to DVB

နာမည်ကျော် ရက်ပါ ရှောင် ‘ဒစ်ဒီ’ ကုမ်ဘ်စ်ဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ဖို့အတွက် ကျော်ကြားမှုနဲ့ အကြမ်းဖက်မှုကို အသုံးချခဲ့တယ်လို့ ဥပဒေအရာရှိတွေက မေ ၁၂ ရက်မှာ အဖွင့်လျှောက်လဲချက် ပေးခဲ့ပါတယ်။

အမှုပထမနေ့မှာ တရားခံရှေ့နေတွေကတော့ နာမည်ကျော် ဟစ်ပ်ဟော့ အဆိုတော်ရဲ့ “ပွေရှုပ်တဲ့ လူနေမှုပုံစံ” ဘက်ကနေ ခုခံချေပခဲ့ကြပါတယ်။

တရားမဝင်မှောင်ခိုလုပ်ကိုင်မှု၊ လိင်ကုန်ကူးမှု၊ ပြည့်တန်ဆာလုပ်ငန်းမှာ ပါဝင်နိုင်အောင် ပို့ဆောင်ပေးမှု စတဲ့ စွဲချက်တွေအတွက် အပြစ်မရှိဘူးလို့ အသက် ၅၅ နှစ်အရွယ် ဒစ်ဒီက လျှောက်လဲခဲ့ပါတယ်။

ဥပဒေအရာရှိတွေဘက်က တင်သွင်းတဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်ကိုလည်း ရုံးတော်မှာ ကြားနာခဲ့ပါတယ်။

အွန်လိုင်းမှာ အခု ပျံ့နှံ့နေတဲ့ ၂၀၁၆ တုန်းက သူ့ရည်းစားဟောင်းကို ရိုက်နှက်နေတဲ့ ဗီဒီယို မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဟိုတယ်က လုံခြုံရေးတယောက်လည်း လာရောက်ထွက်ဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒစ်ဒီရဲ့ ရည်စားဟောင်း ကာဆန်ဒရာ ဗန်တူရာနဲ့ အကြိမ်ကြိမ် လိင်ဆက်ဆံခဲ့ရတယ်ဆိုတဲ့ အမျိုးသား အဖော်အချွတ်ကချေသည် ဒန်နီယယ်ဖိလစ်က ထွက်ဆိုခဲ့ပါတယ်။

အဲဒီလိင်ဆက်ဆံမှုတွေကို ဒစ်ဒီက ထိုင်ကြည့်တာ ဗီဒီယိုရိုက်တာတွေ လုပ်ခဲ့သလို ရည်းစားဖြစ်သူကို အကြမ်းဖက် နှိပ်စက်တာတွေလည်း ရှိခဲ့တယ်လို့ ဖိလစ်က ထွက်ဆိုပါတယ်။

ဂျူရီလူကြီး ၁၂ ယောက်နဲ့ အရန် ၆ ယောက် ပါဝင်တဲ့ ဂျူရီအဖွဲ့ ရှေ့မှောက်မှာ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲခဲ့ကြပါတယ်။

ဥပဒေအရာရှိ အမ်မလီဂျွန်ဆင်က ဒစ်ဒီဟာ သူ့ရဲ့ နာမည်ကျော်စောမှု၊ သစ္စာရှိတဲ့ အတွင်းစည်း လူယုံဝန်ထမ်းတွေ အားကိုးနဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားပြီး ရာဇဝတ်လုပ်ငန်း တခုလို ကြီးကြပ်ခဲ့တယ်လို့ စွပ်စွဲပါတယ်။

ရည်းစားဟောင်း ဗန်တူရာနဲ့ တခြား အမည်မဖော်တဲ့ နောက်ထပ်ရည်စားဟောင်းတယောက်ရဲ့ ဖြစ်စဉ်တွေကို အဓိကထားပြီး ဥပဒေအရာရှိတွေက လျှောက်လဲခဲ့ပါတယ်။

ဂီတအသက်မွေးဝမ်းကြောင်း ပျက်စီးသွားမယ်ဆိုပြီး ခြိမ်းခြောက်အကြမ်းဖက်တဲ့နည်းနဲ့ ရည်းစားဖြစ်သူ ဗန်တူရာရဲ့ သဘောဆန္ဒမပါဘဲ နှိမ့်ချဆက်ဆံတဲ့ပုံစံ လိင်ဆက်ဆံမှုတွေကို အမျိုးသားပြည့်တန်ဆာနဲ့ ကျူးလွန်စေခဲ့ပြီး ဗီဒီယိုမှတ်တမ်းပါ တင်ခဲ့တယ်လို့ ဥပဒေအရာရှိတွေက တင်ပြပါတယ်။

တရားခံဘက်ကတော့ ဒစ်ဒီရဲ့ ပြစ်မှုတွေဟာ အိမ်တွင်းအကြမ်းဖက်မှုသာဖြစ်ပြီး လိင်ကုန်ကူးတဲ့အဆင့် မဟုတ်ကြောင်း တုံ့ပြန်ပါတယ်။

လိင်မှုကိစ္စ ခုံမင်သူ နာမည်ကျော်ရက်ပါနဲ့ နေဖို့ အမျိုးသမီးတွေကိုယ်တိုင်က ရွေးချယ်ခဲ့တာဖြစ်ကြောင်း၊ သူတို့တွေမှာ ရွေးချယ်ခွင့်ရှိကြောင်း ခုခံချေပခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013