စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ကျောင်းသူ၊ ကျောင်းသား ကလေးငယ်တွေနဲ့ ဆရာမတွေအတွက် ယင်းမာပင်မြို့နယ်နေ ပြည်သူတွေက ဝမ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင်ကမ်ပိန်း ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီပဲယင်း အိုးထိမ်းကွင်းစာသင်ကြောင်း လေကြောင်းတိုက်ခိုက်မှုကျူးလွန်ခဲ့တဲ့ စစ်ကောင်စီကို ယင်းမာပင်မြောက်ခြမ်း “နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး” သပိတ်စစ်ကြောင်း အနေနဲ့ ကန့်ကွက် ရှုတ်ချဆန္ဒပြခဲ့ပါတယ်။
ဒါ့အပြင် တော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး စတဲ့ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။