DVB Logo
Home
မြန်မာသတင်း
ကိုရီးယားမှ ခွင့်ပြန်လုပ်သားများ စစ်ကောင်စီ ခွင့်ပြုချက်ရမှသာ ပြန်ထွက်နိုင်မည်
DVB
·
May 13, 2025
ကိုရီးယားမှ ခွင့်ပြန်လုပ်သားများ စစ်ကောင်စီ ခွင့်ပြုချက်ရမှသာ ပြန်ထွက်နိုင်မည်
Donate to DVB

တောင်ကိုရီးယားနိုင်ငံကနေ ခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားတွေအနေနဲ့ ခွင့်ပြုချက်ရမှ ပြန်လည် ထွက်ခွာခွင့်ရမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ကတဆင့် ခွင့်ပြန်လုပ်သားတွေရဲ့ ပြည်ပထွက်ခွာခွင့်ကို သတင်းပို့ထားတဲ့ ရက်စွဲ၊ တန်းစီဇယားစနစ်နဲ့ စိစစ်ခွင့်ပြုနေသလို Safe Migration တယ်လီဂရမ်မှာ နာမည်စာရင်းပါရှိမှ ပြည်ပကို ပြန်လည်ထွက်ခွာခွင့် ရရှိနိုင်မှာ ဖြစ်တယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်ပကို လုပ်သားအသစ်တွေ သွားရောက်တာကို ကန့်သတ်တာတွေ ရှိနေသလို ခွင့်နဲ့ပြန်လာသူတွေကိုပါ ပြန်လည်ထွက်ခွာဖို့အရေး ထိန်းချုပ်မယ့်အခြေအနေ တွေ့လာရတယ်လို့ ပြည်ပရောက် မြန်မာလုပ်သားတွေက ဆိုပါတယ်။

တောင်ကိုရီးယားရောက် မြန်မာလုပ်သားတယောက်က “ဒီအချိန်မှာ ဖြစ်နိုင်ရင် မပြန်တာ အကောင်းဆုံးပဲ။ ရောက်ပြီးမှ ပြန်ထွက်မရအောင် ညစ်မှာမျိုးက မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြည်ပကို အလုပ်သမားစေလွှတ်တာနဲ့ ပတ်သက်လို့ အေဂျင်စီတွေကနေ သက်ဆိုင်ရာ နိုင်ငံတခုချင်းအလိုက် တလမှာ အလုပ်ခေါ်စာတင်ရမယ့် ဦးရေကို မတ်လကစပြီး ကန့်သတ်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်တွင်းမှာ လုပ်သားအင်အား ရှားပါးမှု ရှိနေတယ်လို့ ထုတ်ဖော် ပြောကြားလာတာရှိသလို ပြည်ပထွက် လုပ်ကိုင်မယ့်သူတွေကို ကန့်သတ်ထိန်းချုပ်မှုတွေ ပိုမိုလုပ်လာတယ်လို့ အေဂျင်စီလုပ်ငန်းရှင်တချို့က ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “အပြင်ရောက်ပြီးသားသူတွေ အနေနဲ့ ဒီအချိန်မှာ ဘယ်လိုအကြောင်းနဲ့မှ ပြန်မလာစေချင်ဘူး။ ရောက်လာပြီးမှ ပြန်ထွက်ဖို့အတွက် ဘာအာမခံချက်မှ မရှိဘူး။ လူသစ်တွေဆိုလည်း အခုချိန် ထွက်ရဖို့ထက် ထီပေါက်ဖို့ကတောင် ပိုနီးစပ်ဦးမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက အေဂျင်စီတခုချင်းအလိုက် တလကို ထိုင်းနိုင်ငံအတွက် လုပ်သားအယောက် ၅၀၊ မလေးရှားနိုင်ငံအတွက် အယောက် ၂၀၊ ဂျပန်နိုင်ငံအတွက် ၁၅ ယောက်၊ ကိုရီးယားနိုင်ငံအတွက် ၁၀ ယောက်၊ စင်ကာပူနိုင်ငံအတွက် ၅ ယောက်ပဲ အလုပ်ခေါ်စာတင်ဖို့ ကန့်သတ်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် လာအိုနဲ့ ကျန်တခြားနိုင်ငံတွေအတွက်လည်း နိုင်ငံတခုကို ၁၀ ယောက်ထက်ပိုပြီး အလုပ်ခေါ်စာမတင်ဖို့ ကန့်သတ်ထားပါတယ်။

အဲဒီလို အေဂျင်စီတခုချင်းအလိုက် အလုပ်ခေါ်စာတင်ခွင့်ဦးရေ ကန့်သတ်ထားသလို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်မပေးဘဲ ပြည်ပထွက် အလုပ်မလုပ်နိုင်အောင် ထိန်းချုပ်ထားပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013