DVB Logo
Home
မြန်မာသတင်း
မိုးဗြဲတိုက်ပွဲတွင်  လွိုင်ကော်ဒေသခံ PDF တပ်ရင်းက ရဲဘော် ၂ ဦးကျဆုံး
DVB
·
May 13, 2025
မိုးဗြဲတိုက်ပွဲတွင်  လွိုင်ကော်ဒေသခံ PDF တပ်ရင်းက ရဲဘော် ၂ ဦးကျဆုံး
Donate to DVB

DVB

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ မိုးဗြဲတိုက်ပွဲမှာ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် Loikaw Local PDF တပ်ရင်းအမှတ် ၃ က ရဲဘော် ၂ ယောက်ဟာ မေ ၁၂ ရက်က ကျဆုံးခဲ့တယ်လို့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ကိုယ်ပိုင်အမှတ် ၁၀၃၁၀၄၄၊ အသက် ၃၈ နှစ်အရွယ် ရဲဘော် အောင်ကျော်ဌေး (ခ) ဆီဆိုင်နဲ့ ကိုယ်ပိုင်အမှတ် ၁၀၃၁၀၇၅၊ အသက် ၂၂ နှစ်အရွယ် ရဲဘော် ခန့်စည်သူအောင် (ခ) ခေါင်းကြီး တို့က မိုးဗြဲတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Loikaw Local PDF တပ်ရင်းတာဝန်ရှိသူက “တယောက်က ပုံမှန် PDF ရဲဘော်ပေါ့နော့။ တယောက်ကတော့ CDM ရဲပေါ့။ တိုက်ပွဲကလည်း အရမ်းပြင်းတယ်” လို့ ပြောပါတယ်။

ကျဆုံး ရဲဘော် ၂ ယောက်လုံးက စစ်ကောင်စီတပ်ကို တိုက်ခိုက်တွန်းလှန်နေတဲ့ တိုက်ပွဲများစွာကို ရွပ်ရွပ်ချွံချွံ ပူးပေါင်းပါဝင်ခဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရဲဘော်တွေကျဆုံးရမှုအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပြီး အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုတယ်လို့ သိရပါတယ်။

“လင်ဖုံလေးဘက်မှာလည်း ထိတွေ့ပွဲ တောက်လျှောက်ဖြစ်နေတာ၊ မိုးဗြဲဘက်မှာလည်းရှိတယ်။ ကျနော်တို့အဖွဲ့က ဟိုဘက်ရော ဒီဘက်ရော ခွဲပြီး ကျန်တဲ့ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဝင်နေတာ။”

မိုးဗြဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေသလို မြေပြင်ကနေ စစ်ကြောင်းထိုးနေတဲ့အတွက် တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဖက်အထိအခိုက် အကျအဆုံးတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013