
မန်စီးတီးအသင်းအနေနဲ့ အခုနှစ်ဘောလုံးရာသီမှာ နိုင်ပွဲဆာလောင်ပြင်းပြမှု အားနည်းခဲ့တာကြောင့် ကျရှုံးတဲ့ ဘောလုံးရာသီ ဖြစ်ခဲ့ကြောင်း တိုက်စစ်မှူး ဟာလန်းက ပြောသွားပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ အခုနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေ ရှိခဲ့ပေမဲ့ ပြိုင်ပွဲစုံ ဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့သူပါ။
အသင်းမှာ ဒဏ်ရာပြဿနာတွေ များပြားခဲ့တာကို အကြောင်းပြချက် ပေးနိုင်ပေမဲ့ အဆုံးသတ်မှာတော့ အသင်းသားတွေကိုယ်တိုင် ပုံမှန်ခြေစွမ်းမရှိတာနဲ့ နိုင်ပွဲဆာလောင်ပြင်းပြမှု အားနည်းခဲ့တာတွေက ကျရူံးတဲ့ဘောလုံးရာသီ ဖြစ်စေခဲ့တယ်လို့ ဟာလန်းက ပြောပါတယ်။
မိမိကိုယ်တိုင်လည်း ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့ပြီး လာမယ့်ရာသီမှာတော့ အခုနှစ်ရာသီလို ထပ်မဖြစ်ဖို့ လိုအပ်ကြောင်း တိုက်စစ်မှူးဟာလန်းက ပြောသွားပါတယ်။
မန်စီးတီးဟာ ပြိုင်ပွဲအသီးအသီးမှာ ကျရှုံးခဲ့ပေမဲ့ ပြည်တွင်း အက်ဖ်အေဖလားမှာတော့ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး လာမယ့် မေလ ၁၇ ရက်မှာ ခရစ္စတယ်ပဲလေ့နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။