
၂၀၀၄ ခုနှစ်က အီကွေတိုရီရယ်ဂီနီနိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးပမ်းရာမှာ ပါဝင်ခဲ့တဲ့ ဗြိတိန် ကြေးစားစစ်သားဟောင်း ဆိုင်မွန်မန်းဟာ အသက် ၇၂ နှစ်အရွယ်မှာ လေ့ကျင့်ခန်းလုပ်နေရင်း တန်းလန်း နှလုံးရောဂါနဲ့ သေဆုံးခဲ့ပါတယ်။
သူဟာ ဗြိတိန်နိုင်ငံရဲ့ ထိပ်တန်းပုဂ္ဂလိကကျောင်းဖြစ်တဲ့ အီတွန်ကျောင်းမှာ ပညာသင်ကြားခဲ့ပြီး အထူးတပ်ဖွဲ့ဝင် အရာရှိဟောင်းပါ။
လေယာဉ်နဲ့ အီကွေတိုရီယယ်ဂီနီနိုင်ငံဆီ သွားရင်း တခြား ကြေးစားစစ်သား အယောက် ၇၀ နဲ့အတူ ဇင်ဘာဘွေနိုင်ငံမှာ အဖမ်းခံခဲ့ရပါတယ်။
အီကွေတိုရီရယ်ဂီနီဆီ သူ့ကို လွှဲပြောင်းပေးခဲ့အပြီး ၂၀၀၈ ခုနှစ် ဇူလိုင်လမှာတော့ ဂီနီသမ္မတ သီအိုဒိုရို အိုဘီအန် အန်ဂွယ်မာ အမ်ဘာစိုဂိုကို ဖြုတ်ချရာမှာ ပူးပေါင်းကြံစည်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
ထောင်ဒဏ် ၃၄ နှစ်ကို ကျခံပြီး တနှစ်ကျော်အကြာမှာ ကျန်းမာရေး အကြောင်းပြချက်ကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပါတယ်။
အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့ နိုင်ငံတကာ စီးပွားရေးသမားတွေရဲ့ နယ်ရုပ်အဖြစ် သူ့ကိုယ်သူ တရားခွင်မှာ ပုံဖော်ပြီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာရဲ့ သားလည်း ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ မာ့ခ် သက်ချာကတော့ သူ့ရဲ့စွဲချက်ကို ငြင်းဆိုထားပါတယ်။
Source: Reuters