DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးအတွက် သုံးစွဲရန် ကျပ်ငွေ ဘီလီယံ ၁၀၀ နှစ်စဉ်လျာထား
DVB
·
November 11, 2014
Donate to DVB

[caption id="attachment_70488" align="alignright" width="432"]၂၀၀၈ နာဂစ်မုန်တိုင်းပြီးနောက် တွေ့မြင်ရစဉ် ၂၀၀၈ နာဂစ်မုန်တိုင်းပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ - ရိုက်တာ)[/caption]

မြန်မာနိုင်ငံမှာ ကြိုတင်မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်ကျရောက်လာရင် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ အစိုးရက သီးသန့်ရန်ပုံငွေ ကျပ်ဘီလီယံ ၁၀၀ နှစ်စဉ်လျာထားတယ်လို့ ဘဏ္ဍာရေး ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာလင်းအောင်ကပြောပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒဂုံမြို့သစ် မြောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ကမ်းရိုးတမ်းဒေသတွေမှာ ကြုံတွေ့ နေရတဲ့ ရာသီဥတုဆိုးရွားမှုနဲ့ ငလျင်ဘေးမီးဘေးတွေနဲ့ ပတ်သက်ပြီး သီးသန့်ရန်ပုံငွေ ချန်ထားမှုရှိ မရှိမေးမြန်းချက်ကို ၀န်ကြီးက ဖြေကြားသွားတာဖြစ်ပါတယ်။

သီးသန့်ရန်ပုံငွေမှာ ကျခံသုံးစွဲတာကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ခွင့်ပြုရမှာ ဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ဟာသည်း သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲတာကို ကိစ္စတခုချင်း အလိုက် ကျိုးကြောင်းဖော်ပြပြီး အနီးဆုံးကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြရမယ်လို့လည်း ဒုဝန်ကြီးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013