
အာနိုးလ်အပေါ် လှောင်ပြောင်တဲ့ ပရိသတ်တွေအပေါ် အံ့အားသင့်မိကြောင်း လီဗာပူးဂန္ထဝင် နောက်ခံလူ ကာရေဂါက ပြောပါတယ်။
နောက်ခံလူ အာနိုးလ်ဟာ အခုနှစ်ရာသီအကုန်မှာ လီဗာပူးကနေ ထွက်ခွာမယ်လို့ အတည်ပြုထားသူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ရှိပါတယ်။
အာဆင်နယ်နဲ့ ၂ ဂိုးစီ သရေကျတဲ့ ပွဲစဉ်အတွင်း အာနိုးလ်က ပွဲချိန် ၆၇ မိနစ်မှာ လူစားဝင်ကစားခဲ့ချိန် ပရိသတ်အများအပြားက လှောင်ပြောင်ခဲ့ကြတာပါ။
လီဗာပူးအသင်းရဲ့ အနီရောင်ဂျာစီ ဝတ်ဆင်ပြီး ဆုဖလားရယူပေးထားတဲ့ ကစားသမားတယောက်ဟာ အခုလို လှောင်ပြောင်ခံရသင့်တယ်လို့ မထင်ကြောင်း၊ ပရိသတ်တွေရဲ့ တုံ့ပြန်ပုံအပေါ် အံ့အားသင့်မိကြောင်း ကာရေဂါက ပြောပါတယ်။
အာနိုးလ်နဲ့ပတ်သက်လို့ စိတ်မကျေလည်ဘူးဆိုရင် အော်ဟစ်လှောင်ပြောတာမျိုး မလုပ်သင့်ဘဲ ကော်နာဘရတ်ဒ်လေ ဒါမှမဟုတ် စတီဗင်ဂျရတ်ရဲ့ အမည်ကို သီချင်းလုပ်ဆိုနိုင်ကြောင်း ကာရေဂါက မှတ်ချက်ပေးသွားပါတယ်။