အီရန်ရဲ့ တိုက်ခိုက်မှုတွေကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုတွေ စတင်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
ဇွန် ၂ ရက်က အီရန်ရဲ့ ဘယ်လစ်စတစ်ဒုံးကျည်တွေ ကူဝိတ်နဲ့ ဘာရိန်းကို ပစ်ခတ်မှု မအောင်မြင်ခဲ့ကြောင်းနဲ့ အဲဒီဒုံးကျည်တွေကို ကာကွယ်နိုင်ခဲ့သလို တချို့ဒုံးကျည်တွေ ပျက်ကျခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောပါတယ်။
ကက်ရှ်မစ်ကျွန်းကိုလည်း အမေရိကန်တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဆိုရှယ်မီဒီယာ X မှာ တင်ထားပါတယ်။
ဒါဟာ ဒေသတွင်းနိုင်ငံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက်တာကြောင့်လို့ ဆိုပါတယ်။
ဇွန် ၃ ရက်မှာ ကူဝိတ်နိုင်ငံကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကူဝိတ်နိုင်ငံက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပေါက်ကွဲသံတွေ ထွက်ပါ်တာကလည်း တိုက်ခိုက်မှုတွေကို ကာကွယ်တဲ့အချိန်မှာ ထွက်ပေါ်တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဘာရိန်းနိုင်ငံမှာလည်း ဒေသခံတွေကို လုံခြုံတဲ့နေရာမှာ နေကြဖို့ သတိပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဘာရိန်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေထဲမှာပါတဲ့ ကူဝိတ်နိုင်ငံဟာ အီရန်စစ်ပွဲမှာ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။
အပစ်အခတ်ရပ်စဲတဲ့ကာလမှာ တိုက်ခိုက်ခံရမှု နည်းခဲ့ပေမဲ့ အမေရိကန်တပ်တွေ အခြေစိုက်တဲ့ ပင်လယ်ကွေ့နိုင်ငံတွေ အနီးမှာ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
Source: Reuters










