DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တိုးတက်အောင်မြင်စေရန် အမေရိကန် ပံ့ပိုးမည်
DVB
·
November 11, 2014
မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တိုးတက်အောင်မြင်စေရန် အမေရိကန် ပံ့ပိုးမည်
Donate to DVB

ABC_obama_ebola_mar_141016_16x9_992 copyမြန်မာနိုင်ငံ ရွေးကောက်ပွဲတွေအတွက် စီမံဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး အမေရိက န်သမ္မတ အိုဘားမားက ဆွေးနွေးဖို့ စီစဉ်ထားပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု တွေမှာ တိုးတက်အောင်မြင်စေဖို့ အမေရိကန်ပြည်ထောင်စုက ပံ့ပိုးဆောင်ရွက်ပေးသွားဖို့ မျှော်လင့်နေတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူက နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ် ကျင့်သုံးဖို့ အခွင့်အလမ်းကောင်းကြီးတခု ရှိနေပြီး ဧရာမ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ အမေရိကန် မဟာဗျူဟာကျ ဆက်ဆံရေး ဆိုင်ရာ အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး ဘန်ရုဒ်စ်က တရုတ်နိုင်ငံ ပေကျင်းက အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးရဲ့ ဘေးပန်းအစီအစဉ်မှာ ပြောသွားတာပါ။ ဒီအကူးအပြောင်းဟာ ဘယ်လောက်အချိန်ယူရမယ် ဆိုတာကိုတော့ ပြင်ပ ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ လက်တွေ့ကျကျရှိဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်မ် လူနည်းစုတွေ ရင်ဆိုင်နေ ရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို စိုးရိမ်ပူပန်နေပြီး ပြည်တွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့အတူ ကြာရှည်နေတဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စ အောင်မြင်ဖို့အတွက် မြန်မာအစိုးရအပေါ် အာရုံစိုက်ထားပါတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရက ဆိုပါတယ်။ အမေရိကန်သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013