
အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲကို ၁၀ ယောက်တည်းနဲ့ ကစားပြီး ချန်ပီယံမဖြစ်နိုင်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ ပွဲစဉ် ၃၆ အပြီးမှာ အနီကတ်ပြစ်ဒဏ်တွေကြောင့် ၁၀ ယောက်တည်းနဲ့ ၆ ပွဲအထိ ကစားခဲ့ရတာပါ။
မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံ လီဗာပူးနဲ့ ၂ ဂိုးစီသရေပွဲစဉ်မှာလည်း ကွင်းလယ်လူ မယ်ရီနို ထုတ်ပယ်ခံခဲ့ရတာကြောင့် လက်ကျန် ၁၅ မိနစ်လောက်ကို ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတာပါ။
လာမယ့်ရာသီမှာ ပွဲစဉ် ၆ ပွဲအထိ ၁၀ ယောက်တည်းနဲ့ ကစားရမယ်ဆိုရင် ချန်ပီယံဖြစ်နိုင်မှာ မဟုတ်တာ သေချာပြီး အမှားတွေကနေ သင်ခန်းစာယူဖို့ လိုအပ်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။