Home
နိုင်ငံတကာ
မက္ကဆီကိုနိုင်ငံက သားပျောက်မိခင်များ ဆန္ဒပြ
DVB
·
May 11, 2025
Photo: Reuters

မက္ကဆီကိုနိုင်ငံရဲ့ မြို့တော်မက္ကဆီကိုစီးတီးမှာ မိခင်များနေ့ အထိမ်းအမှတ်အဖြစ် သားပျောက်မိခင်တွေနဲ့ ဆွေမျိုးတွေက မေ ၁၀ ရက်မှာ ချီတက်ခဲ့ကြပြီး ချစ်ရသူတွေအတွက် တရားမျှတမှုကို တောင်းဆိုခဲ့ကြပါတယ်။ 

ပျောက်ဆုံးနေတဲ့ ဆွေမျိုးတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ထားတဲ့ မိခင်တွေနဲ့ အဓိက ဖွဲ့စည်းထားတဲ့ Search collectives အဖွဲ့က မြို့တော်ရဲ့အထင်ကရ ပါစီယို ဒေလာ ရီဖော်မာ လမ်းမကြီးအတိုင်း ချီတက်ခဲ့ကြပါတယ်။

“ကျမတို့အားလုံး ကျွန်မတို့ရဲ့ ကလေးတွေကို အသက်ရှင်လျက်ရှာတွေ့ဖို့ ထိုက်တန်ပါတယ်။ ဘာ​ကြောင့် အကြောက်တရားနဲ့ အသက်ရှင်နေရတာလဲ” လို့ တက်ကြွလှုပ်ရှားသူ ထရေဆာ ဂွန်ဇာလက်ဇ်ရဲ့ အသိအကျွမ်းဖြစ်သူ ထရေဇာ ကိုရိုနာက ပြောပါတယ်။

တက်ကြွလှုပ်ရှားသူ ထရေဆာ ဂွန်ဇာလက်ဇ်ဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးမှုနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်ခံရပြီးတဲ့နောက် ဧပြီလမှာ အသတ်ခံခဲ့ရတာပါ။

မက္ကဆီကိုနိုင်ငံမှာ လူပေါင်း ၁၂၄,၀၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ အစိုးရ အချက်အလက်တွေအရ သိရပြီး အမှုအများစုကို ဘယ်တော့မှ မဖြေရှင်းနိုင်ခဲ့ပါဘူး။

ပျောက်ဆုံးနေသူတွေကို ရှာဖွေနေသူတွေဟာလည်း အာဏာပိုင်တွေအပေါ် အယုံအကြည် ကင်းမဲ့တာတွေ တိုးပွားလာနေပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024