
တရုတ်နိုင်ငံရဲ့ မျိုးဆက်သစ် J-35 ကိုယ်ပျောက်တိုက်လေယာဉ်ဟာ နိုင်ငံရဲ့ ရေတပ် လေကြောင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ စစ်ဆင်ရေးဆိုင်ရာ အခြေအနေတွေကို သိသိသာသာ မြှင့်တင်ပေးလိမ့်မယ်လို့ စစ်ဘက်ကျွမ်းကျင်သူတယောက်က စနေနေ့မှာ ပြောပါတယ်။
အလတ်စား J-35 ကိုယ်ပျောက်တိုက်လေယာဉ်ကို J-15 လေယာဉ်တင်သင်္ဘော အခြေစိုက် တိုက်လေယာဉ်ထက် သိသိသာသာ အဆင့်မြှင့်ထားတယ်လို့ အကြီးတန်း ဗိုလ်မှူးကြီး တုဝမ်လုံက ပြောပါတယ်။
J-20 လို လေကြောင်းသာလွန်ကောင်းမွန်မှုအတွက် အဓိကဒီဇိုင်းထုတ်ထားပြီး လေးလံတဲ့ ကိုယ်ပျောက်တိုက်လေယာဉ်တွေနဲ့ မတူဘူးလို့လည်း ဆိုပါတယ်။
J-35 ဟာ ဝေဟင်မှာ သာလွန်ကောင်းမွန်ပြီး မြေပြင်နဲ့ ရေကြောင်းပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ အလတ်စား၊ ကဏ္ဍစုံ ကိုယ်ပျောက်တိုက်လေယာဉ် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အနာဂတ်မှာ ကိုယ်ပျောက်ထိုးဖောက် ဝင်ရောက်မှုနဲ့ လျှို့ဝှက်တိုက်ခိုက်မှုတွေကို သမုဒ္ဒရာတွေမှာ အသုံးချပြီး တိုက်ခိုက်ရေးစွမ်းရည်ကို အမြင့်ဆုံး အသုံးချနိုင်မယ်လို့ သူက ဆက်ပြောပါတယ်။
အနာဂတ်မှာ ဉာဏ်ရည်မြင့် မောင်းသူမဲ့ကွန်ရက်တွေဟာ လေကြောင်းလိုင်းအခြေပြု လေကြောင်းတပ်ဖွဲ့တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဦးတည်ချက်တခု ဖြစ်လာနိုင်ပြီး လက်ရှိမှာ J-15 နဲ့ J-35 တို့လိုမျိုး လူလိုက်ပါနေပေမယ့် လာမယ့်အဆင့်မှာတော့ မောင်းသူမဲ့လေယာဉ်အမျိုးအစားတွေဖြစ်တဲ့ ကင်းထောက်ဒရုန်းတွေ၊ ကြိုတင်သတိပေး ဒရုန်းတွေ၊ သာမန်ဒရုန်းတွေနဲ့ စစ်ပွဲသုံး ဒရုန်းတွေ၊ တွဲစပ်သုံးနိုင်တဲ့ဒရုန်းတွေ စတဲ့ မောင်းသူမဲ့ လေယာဉ်အမျိုးအစား ပေါင်းစုံ ပါလာမယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
Source: Reuters