
အာဆင်နယ်နည်းပြ မီခေးလ်အာတေတာဟာ ဆုဖလားတွေနဲ့ ထိုက်တန်တဲ့ နည်းပြဖြစ်ကြောင်း လီဗာပူးနည်းပြ အာနဲစလော့က ချီးကျူးသွားပါတယ်။
တနင်္ဂနွေနေ့မှာ ကစားရမယ့် ပွဲစဉ်မတိုင်ခင် ပြိုင်ဘက်နည်းပြအာတေတာ အပေါ် နည်းပြစလော့က ချီးကျူးစကားဆိုခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ ကစားတဲ့နည်းလမ်းတွေကို ကြည့်မယ်ဆိုရင် နည်းပြအာတေတာအပေါ် အများကြီး ချီးကျူးရမှာဖြစ်ပြီး နည်းပြအာတေတာဟာ ဆုဖလားတွေရဖို့ ထိုက်တန်ကြောင်း စလော့ကပြောပါတယ်။
အသင်းတသင်းကို ကစားပုံတမျိုးနဲ့ ကစားတတ်အောင် လေ့ကျင့်ပေးနိုင်ရင်တောင် အောင်မြင်မှု တခုလို့ဆိုရမှာဖြစ်ပြီး နည်းပြအာတေတာဟာ အာဆင်နယ်ကို အမြင့်ဘောကစားပုံနဲ့တမျိုး၊ ခံစစ်ကစားပုံနဲ့ တခါ၊ ပွဲကို ထိန်းချုပ်ကစားနိုင်တဲ့ကစားပုံနဲ့တမျိုး အမျိုးမျိူးကစားနိုင်အောင် လေ့ကျင့်ပေးနိုင်သူဖြစ်ကြောင်း နည်းပြစလော့က ချီးကျူးပါတယ်။
မီခေးလ်အာတေတာဟာ ပွဲရဲ့အစိတ်အပိုင်းအတွင်းမှာလည်း လမ်းညွှန်းကောင်းပေးနိုင်သူ ဖြစ်ပြီး နည်းပြအာတေတာရဲ့ အာဆင်နယ်အသင်းဟာ ပွဲတပွဲကို ဘယ်လိုကစားပုံနဲ့ ကစားမလဲဆိုတာ သုံးသပ်ဖို့ ခက်ခဲကြောင်း နည်းပြစလော့က ချီးကျူးသွားပါတယ်။