DVB Logo
Home
မြန်မာသတင်း
ပအိုဝ်းလူငယ်အကယ်ဒမီက PNLO နှင့် ပူးပေါင်းပြီး စစ်ကောင်စီကိုတော်လှန်မည်
DVB
·
May 10, 2025
ပအိုဝ်းလူငယ်အကယ်ဒမီက PNLO နှင့် ပူးပေါင်းပြီး စစ်ကောင်စီကိုတော်လှန်မည်
Donate to DVB

ပအိုဝ်း လူငယ်အကယ်ဒမီ- PYA တပ်ဖွဲ့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် - PNLO နဲ့ အတူပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်သွားမယ်လို့ တပ်ရင်းတာဝန်ရှိသူက မေ ၁၀ ရက်နေ့မှာ ပြောပါတယ်။

တော်လှန်ရေးမှာ အင်အားပိုမိုကြီးမားခိုင်မာလာစေဖို့ အတူတကွပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တော်လှန်တာကပိုထိရောက်စေနိုင်တဲ့အပြင် PNLO/PNLA နဲ့လည်း မဟာမိတ်လို ဆက်ဆံရေးမျိုးရှိတဲ့အတွက် ပူးပေါင်းဆောင်ရွက်ဖြစ်တယ်လို့ ဆိုပါတယ်။

PYA အဖွဲ့ တာဝန်ခံ ဗိုလ်စိန်က “ပအိုဝ်းတွေသာမက တော်လှန်ရေးလုပ်တဲ့အဖွဲ့အစည်းတွေက နောက်ပိုင်းမှာ တခြားသောအင်အားစုတွေ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာကို တွေ့ရမြင်ရသလို ကျနော်တို့ကလည်း PNLO နဲ့ ပူးပေါင်းလုပ်ဆောင်ရမယ့်အချိန်တန်ပြီ၊ ပြည်သူလူထုကလည်း ကျနော်တို့ တကွဲတပြားဖြစ်နေတာကို သူတိုလည်း မြင်ချင်မှာ တွေ့ချင်မှာ မဟုတ်ဘူး။ လိုအပ်တဲ့ စစ်ရေးစစ်ရာတွေ လေ့လာခဲ့တာကလည်း သူတို့ဆီကပဲ၊ အကူညီတောင်းရတာ အကြံဉာဏ်တောင်းနေတာလည်းရှိတယ်။ သူတို့ကလည်း နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာသူတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီတာလည်းရှိတာပေါ့” လို့ ပြောပါတယ်။

PYA ကို ၂၀၂၄ ခုနှစ် ဧပြီ ၂၃ ရက်နေ့မှာ လူငယ်အယောက် ၂၀ နဲ့ စတင်ထူထောင်ဖွဲ့စည်းခဲ့ပြီး ရှေ့တန်းစစ်မျက်နှာပြင်တွေမှာလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိမှာတော့ ပအိုဝ်းလူမျိုးအပါအဝင် လူမျိုးအစုံအလင်ပါဝင်တဲ့ သင်တန်းသားအသစ်တွေကို စစ်သင်တန်း အပတ်စဉ် ၁ နဲ့ အပတ်စဉ် ၂ ပို့ချနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

သင်တန်းအပတ်စဉ် ၂ ကို ပို့ချနေချိန်ဖြစ်တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့မှာ သင်တန်းကျောင်းကို ဂျက်ဖိုက်တာတွေနဲ့ ဗုံး ၄၇ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ရဲဘော်၊ ရဲမေ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွားကျောင်းသားတယောက်လည်း သေဆုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013