DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယစသည့်ကိစ္စ အဆုံးသတ်ပေးမည်ဟု ပါကစ္စတန်စစ်တပ် သတိပေး
DVB
·
May 10, 2025
အိန္ဒိယစသည့်ကိစ္စ အဆုံးသတ်ပေးမည်ဟု ပါကစ္စတန်စစ်တပ် သတိပေး
Donate to DVB

မြို့တော်အစ္စလာမာဘတ်နဲ့ နီးတဲ့ လေတပ်စခန်း တခု အပါအဝင် ပါကစ္စတန်နိုင်ငံရဲ့ လေတပ်စခန်း ၃ ခုကို အိန္ဒိယက မေ ၁၀ ရက် အစောပိုင်းက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ ပါကစ္စတန် လေကြောင်းရန် ကာကွယ်ရေးတွေက အများစုကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ပါကစ္စတန် က ပြောပါတယ်။ 

အစောပိုင်း ထိခိုက်မှုသုံးသပ်ချက် အစီရင်ခံစာအရ ခိုးဝင်လာသူ အနည်းငယ်လောက်ကလည်း ပါကစ္စတန်လေတပ်ရဲ့ လေကြောင်းဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ထိခိုက်ပျက်စီးအောင် မလုပ်နိုင်ခဲ့ ပါဘူးလို့ ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ အာမဒ် ရှရစ်ဖှ် ချောင်ဒရီ က PTV မှထုတ်လွှင့်တဲ့ ဗီဒီယိုထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။ 

ပါကစ္စတန်လေတပ်မှာ အဲဒီဒုံးကျည်တွေကို ဘယ်နေရာကနေ ပစ်ခဲ့တယ်၊  ဘာကိုပစ်မှတ် ထား ခဲ့တယ်ဆိုတာ အီလက်ထရောနစ်သက်သေတွေ ရှိထားပါတယ် လို့လည်း ဆိုပါတယ်။

အိန္ဒိယက အစပြုခဲ့ပြီး ဆက်လုပ်နေတဲ့ကိစ္စကို ပါကစ္စတန်က အဆုံးသတ်ပေးရလိမ့်မယ်၊ အိန္ဒိယရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ ပါကစ္စတန်စစ်တပ်က မေ ၉ ရက်မှာ နိုင်ငံတကာမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ 

ပါကစ္စတန်က တုံ့ပြန်ခဲ့ပြီး ပြန်တောင် တိုက်ခိုက်ခဲ့သေးတယ်ဆိုတဲ့ အိန္ဒိယရဲ့ အခိုင်အမာ စွပ်စွဲထားချက်ကိုလည်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ အာမဒ်ရှရစ်ဖှ်ချောင်ဒရီက ငြင်းဆို ခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၂ ရက်က ပါကစ္စတန်ပိုင်နက်ထဲမှာ အစ္စရေးလုပ် မော်ဒယ်တွေ အပါအဝင် အိန္ဒိယဒရုန်း ၇၇ စင်းကို ပစ်ချဖယ်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကတည်းက အိန္ဒိယရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၃ ယောက် သေဆုံးပြီး ၆၂ ယောက် ဒဏ်ရာရခဲ့ကာ စစ်ဘက်ဝန်ထမ်း ၁၄ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ချောင်ဒရီက ပြောပါတယ်။

နျူကလီးယား လက်နက်ပိုင်ရှင် အိမ်နီးချင်း အိန္ဒိယနဲ့ ပါကစ္စတန် တို့ဟာ ကက်ရ်ှမီးယားအရေးနဲ့ ပတ်သက်ပြီး ဆယ်စုနှစ် ၃ ခုနီးပါး ကာလရှည်ကြာ အငြင်းပွား နေကြတာဖြစ်ပါတယ်။

မေ ၇ ရက်က အိန္ဒိယဟာ ပါကစ္စတန်နိုင်ငံအတွင်း စစ်သွေးကြွအခြေစိုက်စခန်းတွေကို တိုက်ခိုက်တာလို့ဆိုပြီး တိုက်ခိုက်မှုကို စတင်ခဲ့ကတည်းက ၂ နိုင်ငံဟာ နေ့စဉ်ထိပ်တိုက်တွေ့မှု တွေ ဖြစ်ပွားခဲ့ပြီး အဆိုးရွားဆုံး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ ပါကစ္စတန်ကလည်း လက်တုံ့ပြန်မယ်လို့ သန္နိဋ္ဌာန်ပြုခဲ့ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013