
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ မေ ၉ ရက်က သမီးနဲ့အတူ ပြုံယမ်းရှိ ရုရှားသံရုံးကို ရှားရှားပါးပါး လာရောက်ခဲ့ပြီးတော့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံက အောင်ပွဲခံတဲ့ အထိမ်းအမှတ် ရုရှားရဲ့အောင်ပွဲနေ့ကို ဂုဏ်ပြုခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက KCNA က ဖော်ပြပါတယ်။
မြောက်ကိုးရီးယားနိုင်ငံဟာ ကာလကြာရှည် မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေး အစဉ်အလာ၊ ဂုဏ်ရည်ကြီးမြတ်တဲ့ အတွေးအခေါ်ခံယူချက် သဘောတရားနဲ့ မယိမ်းယိုင်နိုင်တဲ့ မဟာမိတ် ဆက်ဆံရေးတို့ကို ခိုင်မာအောင် ဆက်လက်မြှင့်တင်သွားမယ်လို့ ကင်မ်က ပြောခဲ့တယ်လို့ KCNA က ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားရဲ့ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို မကြုံစဖူး တပ်ဖြန့်ကျက်ချထားမှုအပြင် အမြောက်ကျည်တွေနဲ့ ဒုံးကျည်တွေ ပမာဏအမြောက်အမြား ပေးပို့ခဲ့မှုတွေကြောင့် ရုရှားကို သူ့ရဲ့ အနောက်ဘက် ကာ့စ်ခ်ဒေသထဲ ယူကရိန်းကျုးကျော်မှုကို ပြန်လည်တွန်းလှန်ရာမှာ အကူအညီ ဖြစ်စေခဲ့ပါတယ်။
ဒါ့အပြင် စီးပွားရေးအရရော နိုင်ငံရေးအရပါ အထီးကျန်ဆန်တဲ့ မြောက်ကိုရီးယားနဲ့ ရုရှားတို့ကို လည်း ပိုမိုနီးကပ်လာစေပါတယ်။
ရုရှားနိုင်ငံဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံက အောင်ပွဲခံခဲ့တဲ့ နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ကျင်းပနေတာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် တချို့နိုင်ငံ့ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
Source:Reuters