DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးရပ်ဆွေးနွေးပွဲ ပြန်လည်စတင်ရန် သဘောတူ
DVB
·
November 10, 2014
တနိုင်ငံလုံးရပ်ဆွေးနွေးပွဲ ပြန်လည်စတင်ရန် သဘောတူ
1 / 2
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းအဖွဲ့(ယူပီဒဗလျူစီ)နဲ့ တပြည်လုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ဟာ တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို နိုဝင်ဘာလကုန်မှာ ပြန်လည်စတင်ကြဖို့ ဒီကနေ့ သဘောတူညီခဲ့ကြ ပါတယ်။

10363366_10152883928713594_2261610200961520150_nနေပြည်တော်မှာ ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းအဖွဲ့နဲ့ နိုင်ငံဟံသာ ဦးဆောင်တဲ့ အန်စီစီတီ ကိုယ်စားလှယ်တွေ  ၆ နာရီခန့်ကြာ တွေဆုံ ညှိနှိုင်းခဲ့ကြပြီးနောက် ဒီသဘောတူညီချက်ရရှိခဲ့တာဖြစ်တယ်လို့ ဒီဆွေးနွေးမှာ မြန်မာငြိမ်းချမ်းရေးစင်တာက အလုပ်အဖွဲ့ဝင်  ဦးညိုအုန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ကို ကျနော်တို့ ပဏာမ ကြိုတင်ညှိနှိုင်းတာပါ။ ဦးအောင်မင်း ကလည်း အာဆီယံကိစ္စတွေနဲ့ မအားလပ်တဲ့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေ ဒီဘက်ကို လာဆွေးနွေးတာပါ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် စာချုပ်ချုပ်ဆိုနိုင်ဖို့ လိုအပ်တာလေးတွေကို လာညှိနှိုင်းတာပါ။ အန်စီအေ (national Cease Fire Accord) တပြည်လုံးအပစ်ရပ်သဘောတူညီချက်ကိစ္စကိုပဲ အဓိကထားပါတယ်” လို့ ပြောပါတယ်။

ဆွေးနွေးပွဲကျင်းပမယ့် အချိန်၊ နေ့ရက် စတာတွေကိုတော့ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။

ဒီကနေ့ အလွတ် ညှိနှိုင်းပွဲကို အစိုးရဘက်က ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီးဦးခင်ရီ၊ ၀န်ကြီး ဦးသန်းဌေး၊ ဒုဝန်ကြီး ဦအောင်သိန်းနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အလုပ်အဖွဲ့တွေ တက်ရောက်ပါတယ်။ အန်စီစီတီဘက်ကတော့ နိုင်ဟံသာ၊ ခွန်ဥက္ကာ၊ ဆလိုင်း ထလာဟေး နဲ့ ဦးထွန်းဇော်တို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော ညှိနှိုင်း ခဲ့ကြပါသေးတယ်။

ဒီနှစ်ဖွဲ့ရဲ့ နောက်ဆုံးအကြိမ် စက်တင်ဘာ တွေ့ဆုံဆွေးနွေးပွဲတုန်းက နှစ်ဘက် အပစ်ရပ် လက်မှတ်ထိုးဖို့ကိစ္စ ရှေ့မတိုးသာဘဲ သောင်မတင်ရေမကျ ဖြစ်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှ နိုင်ငံရေးမူဘောင် ရေးဆွဲခြင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းတွေ စတင်နိုင်မှာဖြစ်ကြောင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေ အောင်မြင်စွာကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေကို ရေရာသေချာစေမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းက တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းမှာ သတိပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013