DVB Logo
Home
မြန်မာသတင်း
အန်အယ်ဒီ ဗဟိုကော်မတီဝင် ၁၂ ဦး တရုတ်နိုင်ငံသို့ ထွက်ခွာ
DVB
·
November 10, 2014
အန်အယ်ဒီ ဗဟိုကော်မတီဝင် ၁၂ ဦး တရုတ်နိုင်ငံသို့ ထွက်ခွာ
Donate to DVB

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ၄ ဦးအပါအ၀င် ဗဟိုကော်မတီဝင် ၁၂ ဦး တရုတ်နိုင်ငံကို ဒီကနေ့ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။

NLD CEC go to China 10112014ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာမယ့် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ ခုလို ဗဟိုကော်မတီဝင်တွေ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး ထွက်ခွာသွားတာပါ။

နိုဝင်ဘာ ၁၀ ရက်ကနေ ၁၉ ရက်အထိ (၁၀)ရက်နီးပါးကြာ ဒီခရီးစဉ်ကို ပြည်သူ့လွှတ်တော်အမတ် ဦးပေါခင်က ခေါင်းဆောင်ပြီး လွှတ်တော်အမတ် ဦးပိုက်ကို၊ ဦးမြင့်ဦး၊ ဦးခင်မောင်သိန်း၊ ဦးကျော်ဟိုး၊ ဒေါက်တာမျိုးညွန့်၊ ဒေါက်တာ ၀င်းအောင်၊ ဦးထွန်းရွှေ၊ ဦးတာ၊ ဦးအေးနိုင်၊ မိုင်းရဲကျော်သူနဲ့ ဒေါ်ကြည်ဖြူသျှင် တို့ လိုက်ပါသွားတယ်လို့ ပါတီကပြောပါတယ်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က “တရုတ်ပြည်ကွန်မြူနစ်ပါတီက ဖိတ်တာပါ။ တရုတ်ကတော့ သူဖိတ်နေတဲ့ဟာ ကျနော်မြင်နေသလောက်တော့ ဒီမှာရှိတဲ့ နိုင်ငံရေးပါတီတွေ အကုန်လုံး ဖိတ်နေတာပဲ။ ဟိုတစ်ခေါက်က တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံခြားရေးကိုင်တဲ့ အကြီးအကဲ လာတယ် ကျနော်တို့ ဆီဒိုးနားဟိုတယ်မှာ တွေ့တယ်။ ကျနော်သွားတော့ အကုန်လုံးတွေ့တာကြတာပဲ ရှမ်းအဖွဲ့တွေ ကျားဖြူ၊နဲ့ ကျားခေါင်း ရှမ်းပါတီတွေနဲ့လည်း တွေ့တယ်။ (ယူအက်စ်ဒီပီ) ကြံ့ခိုင်ရေးပါတီနဲ့လည်း တွေ့တယ် တော်တော်များများ တွေ့နေတာပါပဲ” လို့ ပြောပါတယ်။

မကြာသေးခင်ကလည်း တရုတ် ကွန်မြူနစ်ပါတီရဲ့ဖိတ်ကြားချက်အရ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ လူငယ် အဖွဲ့ ၂ ဖွဲ့လောက်လည်း တရုတ်နိုင်ငံ သီးခြားစီ သွားရောက်ခဲ့ဖူးပါတယ်။

တရုတ်အစိုးရဟာ အရင်က မြန်မာအစိုးရပိုင်းနဲ့သာ စီးပွားရေးနဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ဆက်ဆံမှုတွေ ပိုမိုလုပ်ဆောင်ခဲ့တာဖြစ်ပြီး ခုနောက်ပိုင်းမှာတော့ နိုင်ငံရေး ပါတီတွေ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့လည်း ထိတွေ့ဆက်ဆံမှုတွေ ပိုမို လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013