
မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဘီလီယံနာသူဌေး ဘီလ်ဂိတ်ဟာ သူ့ရဲ့ ဖောင်ဒေးရှင်းကနေ ၂၀၄၅ ခုနှစ်မှာ ဒေါ်လာ ၂၀၀ ဘီလီယံ လှူဒါန်းမယ်လို့ ကတိပြုခဲ့ပြီး အီလွန်မတ်စ်ခ်ရဲ့ လုပ်ရပ်တွေကို ဝေဖန်ခဲ့ပါတယ်။
အမေရိကန်က နိုင်ငံခြားအကူအညီပေးရေးဘတ်ဂျက် ဖြတ်တောက်ခဲ့မှုက လူတွေ သန်းနဲ့ချီပြီး သေဆုံးစေနိုင်ကြောင်းလည်း ဘီလ်ဂိတ်က ပြောခဲ့ပါတယ်။
အသက် ၆၉ နှစ်အရွယ်ရှိ ဘီလ်ဂိတ်ဟာ သူ့ရဲ့ စည်းစိမ်တွေ အားလုံးနီးပါးကို စွန့်လွှတ်ဖို့ အစီအစဉ် ရှိပြီး ၂၀၄၅ ဒီဇင်ဘာ ၃၁ ရက်မှာ သူ့ရဲ့ ဖောင်ဒေးရှင်းကို ပိတ်မှာဖြစ်ပါတယ်။
ဘီလ်ဂိတ်က ငွေဟာ ပိုလီယိုနဲ့ ငှက်ဖျားရောဂါတို့ကို အမြစ်ဖြတ်ဖို့ အကူအညီဖြစ်စေမှာလို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။
ကမ္ဘာ့ဆင်းရဲမွဲတေမှုကို လျှော့ချပြီး အမျိုးသမီးနဲ့ ကလေးတွေ သေဆုံးမှုကို တားဆီးနိုင်မယ်လို့ သူက ပြောခဲ့ပါတယ်။
ဘီလ်ဂိတ်ရဲ့ ကြေညာမှုမှာ နိုင်ငံတကာ အကူအညီပေးမှုတွေကို ရပ်တန့်ခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့နဲ့ အီလွန်မတ်စ်ခ် ဦးဆောင်တဲ့ အစိုးရထိရောက်မှုဌာနတို့ရဲ့ လုပ်ဆောင်ချက်တွေကို ရိုက်ခတ်မှု ရှိခဲ့ပါတယ်။
ဘီလ်ဂိတ်က လူသေဆုံးမှု လျှော့ချနိုင်ခဲ့မှုဟာ ၁၀ စုနှစ်အတွင်း သိသိသာသာ ပြောင်းလဲနိုင်တယ်လို့ ရိုက်တာနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။
“လူသေဆုံးမှုတွေက ပထမဆုံးအကြိမ် မြင့်တက်လာဦးမှာပါ။ အီလွန်မတ်စ်ခ်ဟာ ကျနော့်လို USAID ဝန်ထမ်းတွေကို ကွင်းဆင်းပြီး တွေ့ဆုံခဲ့တာမျိုး မရှိဘူးလို့ ထင်ပါတယ်။ ဒါက သူရဲကောင်းဆန်တဲ့ လုပ်ရပ်လို့ ထင်ပါတယ်။ ဒီအပတ်မှာ သူလုပ်ခဲ့တာတွေက ဆိုးတယ်လို့ ထင်ပါတယ်။ လူတွေကို ဆင်းရဲမှုတွေဖြစ်တာ အပါအဝင် သူ့ပိုက်ဆံတွေကို ဘယ်မှာသုံးတယ် ဆိုတာ မဖော်ပြခဲ့ပါဘူး။ ကျနော် သေတဲ့အခါ လူတွေက ကျနော့်နာမည်ကို ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ ကျနော့်ကို ချမ်းသာတဲ့သူတယောက်အဖြစ် သေဆုံးခဲ့တယ်လို့တော့ ဘယ်သူမှမပြောဖို့ ကျနော် ဆုံးဖြတ်ထားပါတယ်” လို့ ဘီလ်ဂိတ်က သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် သူက အမေရိကန်လိုမျိုး ကမ္ဘာ့ လှူဒါန်းမှုအများဆုံး နိုင်ငံနဲ့အတူ ဗြိတိန်၊ ပြင်သစ် စတဲ့ ချမ်းသာတဲ့နိုင်ငံတွေက အဆင်းရဲဆုံးလူတွေကို ဆက်ပြီး ကူညီပေးပါ့မလားဆိုတာ မသေချာဘူးလို့လည်း ထပ်မံဖော်ပြထားပါတယ်။
ဖောင်ဒေးရှင်းက ငွေတွေ အများကြီး စိုက်ထုတ်ထားပေမဲ့ အစိုးရရဲ့ ထောက်ပံ့မှုမရှိရင် အကောင်အထည်ဖော်နိုင်စရာ မရှိဘူးလို့လည်း ဘီလ်ဂိတ်က ထောက်ပြခဲ့ပါတယ်။
အာဖရိကတိုက်လို နေရာမျိုးမှာ ပိုလီယိုရောဂါ အမြစ်ပြတ်ဖို့ဆိုတာ အမေရိကန်ရဲ့ လှူဒါန်းမှုမပါဘဲ မဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။
ဘီလ်ဂိတ်နဲ့ ဇနီးဟောင်းဖြစ်သူ မီလန်ဒါတို့ဟာ ၂၀၀၀ ခုနှစ်က ဘီလီယံနာ ဝါရင်ဘတ်ဖတ်နဲ့အတူ ဖောင်ဒေးရှင်း စတင်ထူထောင်ခဲ့ပြီး အခုဆိုရင် ၂၅ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
ဒီဖောင်ဒေးရှင်းဟာ လက်ရှိအချိန်မှာ ဒေါ်လာ ၁၀၈ ဘီလီယံ တန်ကြေးရှိတယ်လို့ သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ်ရဲ့ ကာလပေါက်တန်ဖိုး ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုး ကူညီမှုတွေမှာ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ဘီလ်ဂိတ်ရဲ့ ဖောင်ဒေးရှင်းဟာ ကမ္ဘာ့ကျန်းမာရေးအတွက် ကြီးမားတဲ့ လှူဒါန်းမှုတွေ ပြုလုပ်ထားခဲ့ပြီး ၂၀၂၆ မှာ တနှစ်စာ ဘတ်ဂျက် ဒေါ်လာ ၉ ဘီလီယံ ရှိမှာဖြစ်ပါတယ်။
Source: Reuters