
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာပြုလုပ်တဲ့ ရင်ပြင်နီချီတက်ပွဲကို တက်ရောက်ဖို့ စစ်ခေါင်းဆောင်နဲ့အတူ ရောက်နေတဲ့ ဇနီးဒေါ်ကြူကြူလှဟာ ရုရှားအမျိုးသမီးဖိုရမ် ဥက္ကဋ္ဌ ဂါလီနာကာရယ်လိုဗာနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီလိုတွေ့ဆုံချိန်မှာ နှစ်နိုင်ငံကြား အမျိုးသမီးရေးရာ ပူးပေါင်းရေးတွေ ဆွေးနွေးခဲ့သလို နျူကလီးယား နည်းပညာမှာ အမျိုးသမီးတွေ ပူးပေါင်းရေးပါ ဆွေးနွေးခဲ့တယ်လို့ ရုရှားဖက်ဒရယ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဆွေးနွေးမှုတွေထဲမှာ နျူကလီးယားနည်းပညာ၊ ပညာရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ ပူးပေါင်းနိုင်ရေး အလားအလာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ မေ ၈ ရက်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာအမျိုးသမီးတွေကို BRICS နဲ့ ဖိုရမ် ပရိုဂရမ်တွေမှာ ပါဝင်ခွင့်ပေးမယ်လို့လည်း ရုရှားအမျိုးသမီးဖိုရမ်ဘက်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။