
ရန်ကုန်အဝေးသင်တက္ကသိုလ်က ကထိက Non CDM ဆရာမ တယောက်ကို ဖမ်းထားတယ်လို့ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းက မေ ၈ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်ကောင်စီရဲ့ ယန္တရား လည်ပတ်စေနိုင်တဲ့ လုပ်ငန်းတွေကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနက Non CDM ကထိက ဒေါ်ဝင်းဝင်းအောင်ကို မိတ္ထီလာနယ်ထဲက နေရာတခုမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
Non CDM ကထိက ဒေါ်ဝင်းဝင်းအောင်ရဲ့ ခင်ပွန်းဟာလည်း မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်က စီမံ/ဘဏ္ဍာဌာနမှူးအဖြစ် စစ်ကောင်စီအောက်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ Non CDM ဦးအောင်ဆန်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြင်းခြံခရိုင် အမှတ် ၄/၁၀ တပ်ရင်းရဲ့ တပ်ရင်းမှူး ကိုစိုးအောင်က “ကျနော်တို့ ဖမ်းဆီးရမိထားတဲ့ ဒေါ်ဝင်းဝင်းအောင်ကို စစ်ဆေးမေးမြန်းတာတွေ ဆက်လက် လုပ်ဆောင်နေလို့ အသေးစိတ်ကိုတော့ နောက်မှ သတင်းထုတ်ပြန်ပေးပါမယ်” လို့ DVB ကို ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း ခရီးသွားလာကြရင်း ကားလမ်းတွေပေါ်မှာ PDF ရဲဘော်တွေရဲ့ ရှောင်တခင် စစ်ဆေးမှုတွေနဲ့ ကြုံတွေ့တဲ့အခါမှာ စစ်ဆေးမှုတွေကို ကြည်ဖြူစွာ လက်ခံပေးကြဖို့ မေတ္တာရပ်ခံထားတယ်လို့လည်း မြင်းခြံခရိုင် အမှတ် ၄/၁၀ တပ်ရင်းကနေ သိရပါတယ်။