DVB Logo
Home
မြန်မာသတင်း
အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် ဖောက်ခွဲရေးသမားများ ရောက်ရှိနေကြောင်း ရဲတပ်ဖွဲ့သတိပေး
DVB
·
November 10, 2014
အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် ဖောက်ခွဲရေးသမားများ ရောက်ရှိနေကြောင်း ရဲတပ်ဖွဲ့သတိပေး
1 / 2
Donate to DVB

မွန်ပြည်နယ်ထဲမှာ ဖောက်ခွဲရေးသမား၎ ဦးနဲ့ ပတ်သက်တဲ့ သတင်းရရင် ပြည်သူတွေ အနေနဲ့ သက်ဆိုင်ရာကို အကြောင်းကြားဖို့ ရဲတပ်ဖွဲ့က ညွန်ကြားထားတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးဇော်လင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

10251975_347737602064644_2085399084142968655_nဖောက်ခွဲရေးသမားတွေကို ဧည့်စာရင်းစစ်ရာမှာဖြစ်ဖြစ် လာရောက်တည်း ခိုတာဖြစ်ဖြစ် တွေ့ရင် သတင်းပေးကြဖို့ မြို့နယ်တွေနဲ့ ရပ်ကွက်အဆင့်  အုပ်ချုပ်ရေး အာဏာပိုင်တွေအထိ အသိပေးချပြ ထားတာလို့လည်း ပြောပါတယ်။

အလားတူ ပဲခူးတိုင်းအတွင်းမှာလည်း သတင်းပေးကြဖို့ ရဲတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့တကွ အသိပေးကြေညာထားပါတယ်။

ဖြူးမြို့နယ်ရဲစခန်းက ဒုရဲမှူး စံလှက “အပေါ်ကနေ လာတဲ့သတင်းပါ ပုံတွေနဲ့ပဲ ကျနော်တို့ကို ပေးတာလေ အရေးယူဆောင်ရွက်ဖို့ပေါ့။ လောလောဆယ် ပဲခူးတိုင်းထဲမှာ  ကျနော်တို့ မြို့နယ်အတွင်းမှာတော့ ဖြန့်ထားတာပေါ့။ ကျန်တဲ့နေရာတွေမှာလည်း သတင်း ဘာညာ ချပြပြီးသားပါ။ ဒီလူတွေက ကျနော်တို့ဆီကို ၀င်လာတယ်ပေါ့ဗျာ။ ဒါကြောင့်မို့လို့ ကိုယ့်နယ်မြေထဲမှာ ရောက်လာရင် စစ်ဆေးပြီး ဆောင်ရွက်ဖို့ပါ။ သတင်းသေသေချာချာ ဂယနဏတော့ အဲဒီလောက်ထိ မရှိပါဘူး။ ကျနော်တို့ကို နာမည်တွေနဲ့ချပြထားတာ”လို့ ပြောပါတယ်။

ဒီ သံသယဖြစ်ဖွယ် ၄ ဦးရဲ့ ဇာတိ၊  ရည်ရွယ်ချက်နဲ့ ဒီလိုဖောက်ခွဲရေးသမားအဖြစ် ထုတ်ပြန်ရဖို့ လုံလောက်တဲ့အထောက်အထားရှိ၊ မရှိမေးမြန်းရာမှာ မသိရှိကြောင်းနဲ့ အထက်အမိန့်အရ ဆောင်ရွက်တာလို့ သူက ဖြေဆိုပါတယ်။

ဓာတ်ပုံနဲ့တကွ သတင်းပေးဖို့ ရဲတပ်ဖွဲ့ရဲ့ကြေညာချက်မှာ အာရ်အက်စ်အို ဖောက်ခွဲရေးသမား ၄ ဦးဆိုပြီး ရောင်စုံဓာတ်ပုံ ၄ ပုံနဲ့ ဖော်ပြပါတယ်။ အာရ်အက်စ်အို အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့်က ရှိခဲ့တဲ့ (ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့)ရဲ့ အတိုကောက်နာမည်ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်မှာ (အာအက်စ်အို)အဖွဲ့ဝင် သန်းဝင်း၊ အိုစမာ (ခ)ဒါဝတ်၊ အာဇက်(ခ)အမင်းနဲ့ အီစမိုင် (ခ) ဇော်ဝင်း ဖောက်ခွဲရေးသမား ၄ ဦးကို တွေ့ရှိရင် အကြောင်းကြားဖို့ နယ်မြေခံရဲတပ်ဖွဲ့တွေက ဓာတ်ပုံတွေနဲ့တကွ ကြေညာထားတာပါ။

မွန်ပြည်နယ် ဒိုင်းဝန်းကွင်းနယ်မြေရဲစခန်းကို ဆက်သွယ် မေးမြန်းရာမှာ ဒုရဲအုပ် သိန်းမြင့်ထွန်းက အာရ်အက်စ်အိုအဖွဲ့ဆိုတာ မသိကြောင်း၊ အဆိုပါ ၄ ဦးကို သူတို့ထံ လာအပ်မယ်ဆိုရင်တော့ အထက်အမိန့် ညွှန်ကြားချက်အတိုင်း လုပ်မှာဖြစ်ကြောင်း ဖြေပါတယ်။

ဓာတ်ပုံမှာ အစ္စလာမ္မစ်စစ်သွေးကြွဆိုတဲ့ စာသားနဲ့ ဖော်ပြထားပြီး မွတ်စလင်လူငယ် ၄ ဦးပုံကို ဖော်ပြထားတဲ့အတွက် ဘာသာမတူသူ ပြည်သူတွေအကြား ယုံထင်ကြောင်ထင် ဖြစ်မှာ မစိုးရိမ်ဘူးလားလို့ မေးတဲ့အခါမှာတော့ သူက  “ဟုတ်ပါတယ်ဗျာ ကျနော်တို့လည်း အဲဒါကိုပဲ ကျနော်တို့အကုန်လုံးတော့ လုပ်တော့ လုပ်နေပါတယ်။ အခုလို ဖုန်းနဲ့မေးရင်တော့ ဖြေကြားလို့တော့ မရပါဘူး”လို့ ဖြေပါတယ်။

ဒီ ၄ ဦးကို ရဲတပ်ဖွဲ့က အကြောင်းကြားဖို့ သတိပေးစာ ထုတ်ပြန်ထားတာနဲ့ ပတ်သက်လို့ မေးမြန်းဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့  ပြောခွင့်ရ ရဲမှူးချုပ် ဦးဝင်းခေါင်ကို ဆက်သွယ် ပေးမယ့် မရသေးပါဘူး။

အမေရိကန်သမ္မတ အပါအ၀င် ဒေသတွင်းနဲ့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေ တက်ရောက် မယ့် နေပြည်တော် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် ရက်ပိုင်းအလိုမှာ ခုလို အကြမ်းဖက်သမားတွေ ၀င်ရောက်လာတဲ့အကြောင်း သတိပေးကြေညာချက်တွေ ထုတ်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013