DVB Logo
Home
နိုင်ငံတကာ
ငလျင်ကြောင့် ပြိုကျခဲ့သည့် ဘန်ကောက် အထပ်မြင့်တိုက် ကယ်ဆယ်ရေးလုပ်ငန်း ရပ်ဆိုင်းမည်
DVB
·
May 8, 2025
ငလျင်ကြောင့် ပြိုကျခဲ့သည့် ဘန်ကောက် အထပ်မြင့်တိုက် ကယ်ဆယ်ရေးလုပ်ငန်း ရပ်ဆိုင်းမည်
Donate to DVB

ပြီးခဲ့တဲ့ မတ်လတုန်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ အထပ်မြင့်တိုက်ပြိုကျလို့ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရာမှာ နောက်ထပ် အသက်ရှင်သူတွေ ထပ်မံမတွေ့ရှိဘူးဆိုရင်တော့ နောက် ၂ ရက်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းတော့မယ်လို့ The Nation Thailand သတင်းမှာ မေ ၇ ရက်က ဖော်ပြပါတယ်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကား ပြီးတော့ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ဘန်ကောက် ချတ်တူချတ်နယ်မြေမှာ အထပ် ၃၀ အမြင့်ရှိ ဆောက်လက်စ စာရင်းစစ်ရုံး အဆောက်အအုံ ပြိုကျခဲ့ကာ အပျက်အစီးတွေကြား ပိတ်မိပျောက်ဆုံးနေသူတွေကို အချိန် ၁ လကျော်ကြာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်လာခဲ့တာပါ။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပြိုကျအဆောက်အအုံရဲ့ အရေးကြီးဇုန် ၃ ခုထဲမှာ ပျောက်ဆုံးနေသူ ၁၂ ယောက်ကို ရှာဖွေတွေ့ရှိနိုင်ဖို့ အရှိန်မြှင့်လုပ်နေတာ ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးရုံး ညွှန်ကြားရေးမှူး ဆူရီရာချိုင် ရာဝီဝမ်က “ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေကို ဂရုတစိုက် ဖယ်ရှားပြီး ညွှန်ပြထားတဲ့ နေရာတွေကို ဝင်ရောက်ဖို့ လုပ်ဆောင်နေပါတယ်။ ဇုန် A နဲ့ D မှာ နောက်ထပ်ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး သဲအလွှာအထိ တူးဖော်ဖို့ အစီအစဥ်ရှိပါတယ်။ သာမန်မဟုတ်တဲ့ အခြေအနေ မတွေ့ရဘူးဆိုရင်တော့ အဲဒီနေရာတွေမှာ လုပ်ငန်းတွေ မကြာမီ ပြီးဆုံးမှာပါ” လို့ ပြောပါတယ်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မေ ၇ ရက်အထိ ထိခိုက်သူ စုစုပေါင်း ၁၀၉ ယောက် ရှိကြောင်း ထုတ်ပြန်ထားသလို အဲဒီထဲက ၈၈ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၁၂ ယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ နောက်ထပ် အသက်ရှင်ကျန်ရစ်သူ မတွေ့ပါက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိတ်သိမ်းဖို့ စဉ်းစားမှာဖြစ်ပြီး ၂ ရက်အတွင်း အပြီးသတ်ဆုံးဖြတ်ချက်ချနိုင်ဖို့ မျှော်မှန်းထားကြောင်း ချတ်တူချတ်နယ်မြေ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ထိုင်းမိုးလေဝသဌာန၊ မြေငလျင်စောင့်ကြည့်ရေးဌာနရဲ့ လေ့လာစောင့်ကြည့်မှုအရ ထိုင်းနဲ့ မြန်မာနိုင်ငံတွေကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် စုစုပေါင်း နောက်ဆက်တွဲငလျင်တွေ အကြိမ်ရေ ၆၀၀ ထက်မနည်း လှုပ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

Source:  The Nation Thailand

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013